Latest Movie :

အနုပညာ ပျိုးခင်းက ဆရာ ၆ ယောက်ကို ကျေးဇူးကန်းမည် မဟုတ်ကြောင်း ရွှေမှုံရတီပြော

’ပွေလီမ’ ဆိုတဲ့ဇာတ်ကားကို ရွှေမှုံရတီက ခန့်စည်သူနဲ့အတူ ရိုက်ကူးနေ ပါတယ်။ ဒီဇာတ်ကား ထဲမှာ ရွှေမှုံရတီက ကာရိုက်တာသုံးမျိုးနဲ့ သရုပ် ဆောင်ထားပါတယ်။ ဒီဇာတ်ကားကို ရိုက်နေရင်းနဲ့ ကိုယ်တိုင် သဘောကျရသလို ပရိသတ်တွေလည်း အကြိုက်တွေ့မယ့် ဇာတ် ကားလေးဖြစ်မှာ ပါလို့ ရွှေမှုံရတီက ဆိုပါတယ်။”ရွှေမှုံက ဒီဇာတ်ကားထဲမှာ ကာရိုက်တာသုံးခုလောက်ကို ရောပြီး သရုပ်ဆောင် ရတယ်။ တော်တော့် ကိုခေါင်းမူး တယ်။ မိန်းမလျာ ပုံစံရော၊အခြောက်ပုံစံပါလုပ်ရတယ်။ဒီဇာတ်က ဒရာမာဇာတ်ကားထက်အချိန်ပိုကြာတယ်။ အိုက်တင်လုပ် ရတဲ့အခါမှာလည်း သူများတွေတော့ မသိဘူး။ ကိုယ့်ဟာကိုယ်လုပ်ပြီး ကိုယ့်ဟာကိုယ် ပြန်ရယ်နေ ရတယ်။ ပရိသတ်မြင်ရင်လည်း ဒီဇာတ်ကားလေးက ပွဲကျမယ့် ဇာတ်ကားလေးလို့ ရွှေမှုံထင်ပါတယ်။

အတတ်နိုင်ဆုံးကြိုးစားပြီး သရုပ် ဆောင်ထားတယ်” လို့ပြောပါ တယ်။ ရွှေမှုံရတီက အခုလိုမျိုး ပရိသတ်တွေ အားပေး လက်ခံကြတာက ဆရာတွေ ရဲ့ကျေးဇူးကြောင့်ဖြစ်သလို ဆရာတွေကို ကျေးဇူးကန်းတဲ့နေ့ က သူ့အနေနဲ့ အနုပညာလောကထဲမှာ မရှိတော့တဲ့နေ့ပါပဲလို့ပြောပါတယ်။ “ရွှေမှုံ့ ဆရာတွေအပေါ်မှာ ရွှေမှုံ တအားအလေးထားတယ်။ မိဘနဲ့ဆရာကို ရွှေမှုံ ဘုရားနဲ့တစ် ဂိုဏ်းတည်းထားပြီး ကိုးကွယ်တယ်။ ဆရာ ၆ ယောက် အပြင် ရိုက်ကွင်း မှာရှိတဲ့သူတွေအားလုံးက ရွှေမှုံ ကိုသင်ပေးကြတယ်။ သရုပ်ဆောင်တွေ၊ Supporting တွေ၊ ကူပေးကြတဲ့ သူတွေအားလုံး ကို ရွှေ မှုံကျေးဇူးလည်းတင်တယ်။ ရှိခိုးကန်တော့ပြီးမှ အိပ်တယ်။ အမြဲတမ်းလည်း မေတ္တာပို့ပေးပါတယ်။ ရွှေမှုံ့ ရဲ့ဆရာတွေ ကို ရွှေမှုံကျေးဇူးကန်းတဲ့နေ့ ဟာ ရွှေမှုံဒီလောကထဲမှာမရှိတော့တဲ့နေ့လို့ ကိုယ့်ကိုယ်ကိုယ်ခံယူထားတယ်။

ပြီးတော့ ကိုယ့်ကိုယ်ကိုယ် အောင် မြင်ပြီလို့ သတ်မှတ်တဲ့နေ့ကကျရှုံး တဲ့နေ့လို့ခံယူထားတယ်။ကိုယ့်ကိုယ်ကိုယ် ကျေးဇူး ကန်းတဲ့တပည့်တစ်ေ ယာက်လည်း မဖြစ်ချင်ဘူး။ ရွှေမှုံက မိဘ၊ ဆရာတွေကို အလေးအနက် ထားတယ်။ လွယ်လွယ်ကူကူပြောင်းလဲ တတ်တဲ့သူလည်းမဟုတ်ဘူး။ ဆရာတွေရဲ့ကျေးဇူးကြောင့် ရွှေမှုံ အခုလို ပရိသတ်ရဲ့ အချစ်ကို ခံယူရတာလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တယ်။ ရှေ့လျှောက်လည်း ဆရာတွေနဲ့ လက်တွဲပြီး အလုပ်တွေလုပ်သွားမှာပါ” လို့ ပြောပါတယ်။

လွင်လွင်ထွန်း

Popular Journal
Share this article :

Post a Comment

 
Support : အညာမြေအောင် | ရုပ်ရှင်နှင့်သတင်း | Ko Aung
Copyright © 2011. အညာမြေအောင် - All Rights Reserved
Published by အညာမြေအောင်
Proudly powered by Blogger