မင်္ဂလာလှည်း
၂၀၁၀ ခုနှစ်က သုံးလွန်းတင်လို့ အမည်ပေးပြီး သတိုး၊ ကပိ္ပယ၊ မင်္ဂလာလှည်း စတဲ့ဝတ္ထုလတ် ၃ ပုဒ် ပါဝင်ခဲ့ရာမှာ
သတိုး ၀တ္ထုကို မျက်ခြယ်က ဗီဒီယိုဇာတ်ကား အဖြစ် ထုတ်လုပ်ရိုက်ကူးခဲ့ပြီး ကပ္ပိယ ကို ခရေဖြူက ဗီဒီယိုဇာတ် ကားအဖြစ် ရိုက်ကူးခဲ့ပါတယ်။ မင်္ဂလာလှည်း ကိုလည်း မျက်ခြယ်က ဗီဒီယို ရိုက်ကူးဖို့ စာရေး ဆရာမ ခင်ခင်ထူးထံမှ ခန့်စည်သူနဲ့ ၀ယ်ယူဖြစ်ခဲ့ပြီး ခရေဖြူက ရုပ်ရှင် ဇာတ်ကားကြီး ရိုက်ကူးဖို့ စီစဉ်ခဲ့ပေမဲ့ အဲဒီအချိန်တုန်းက ခရေဖြူ ဗီဒီယိုထုတ်လုပ်ရေး အောင်မြင်ခါစဖြစ်လို့ ကားကြီး မရိုက်ကူးနိုင်ခဲ့ ပါဘူး။ ဒါပေမဲ့ ခရေဖြူက ဒီနှစ်မှာ ကားကြီးရိုက်နိုင်တဲ့ အခြေအနေရောက် ရှိလာပြီဖြစ်လို့ မျက်ခြယ်ကနေ မင်္ဂလာလှည်း ကို ပြန်လည်ဝယ်ယူပြီး အခုအခါမှာတော့ ခရေဖြူက ရုပ်ရှင်ကားကြီး အဖြစ် ရိုက်ကူး နိုင်ခဲ့ ပြီဖြစ်ပါတယ်။
မင်္ဂလာလှည်းကို ခရေဖြူက ရိုက်ကူး ထုတ်လုပ် ဖြစ်တဲ့အခါ မူလက ဒီဇာတ်ကို စိတ်ဝင်စားပြီး ၀ယ်ဖို့ ကြိုးစားခဲ့တဲ့ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)နဲ့ပဲ ရိုက်ဖြစ်ခဲ့တာဖြစ်ပြီး သရုပ်ဆောင်များအဖြစ်တော့ ခန့်စည်သူ၊ ပြေတီဦး၊ နေမင်း၊ စိုးမြတ်သူဇာ၊ မိုးဟေကို၊ ချစ်ဖွယ်၊ ကိုပေါက်၊ ပေါ်လေး၊ ကေညီ၊ ကေငြိမ်း၊ ဒေါ်နွဲ့နွဲ့စန်းတို့နဲ့ စစ်ကိုင်း ကောင်းမှုတော်ဘုရား အနောက်ဘက်မှာသွားရောက် ရိုက်ကူးခဲ့တာ အားလုံးပြီးစီးခဲ့ပြီလို့ သိရပါ တယ်။
စာရေးဆရာမ ခင်ခင်ထူးက မင်္ဂလာလှည်းကို သူ့ရဲ့မောင် တော်စပ်သူတစ်ဦး မင်္ဂလာတောင်း ရမ်းပွဲမှာ လူကြီးအဖြစ် လိုက်ပါရင်း ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက် ကို ပြန်ပြောပြခဲ့လို့ မင်္ဂလာလှည်း ၀တ္ထု ဖြစ်လာတာပါလို့ ဆရာ မခင်ခင်ထူးက ပြောပြ ခဲ့ပါတယ်။ ဆရာမခင်ခင်ထူး ရဲ့ ၀တ္ထုဇာတ်အိမ် တည်တဲ့ စစ် ကိုင်းဘက်မှာပဲ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က သွား ရောက်ရိုက်ကူးခဲ့တာဖြစ်ပြီး စစ်ကိုင်းကောင်းမှု တော်ဘုရား အနောက်ဘက် လယ်ပြင်ကြီး ကျေးရွာနဲ့ အနီးတစ်ဝိုက်မှာ ဇာတ်ဝင်ခန်း တော်တော်များ များကို ရိုက်ကူးဖြစ်ခဲ့ တယ်လို့ သိရပါတယ်။
မင်္ဂလာလှည်းမှာတော့ ခန့်စည်သူက ပြေတီဦးရဲ့ ၀ပ်ရှော့ခ် ပိုင်ရှင်တစ်ဦးအဖြစ် သရုပ်ဆောင်ပြီး၊ ပြေတီဦးက ၀ပ်ရှော့ခ်ဆရာအဖြစ် သရုပ် ဆောင်ထားပါတယ်။ ရွာက မိုးဟေကိုတစ်ယောက် မြို့ တက်ပြီး သနပ်ခါးတုံးတွေ ရောင်းရင်း ပြေတီဦးနဲ့ဆုံဖြစ် တဲ့အခါ ချစ်ကြိုးတွေသွယ်ခဲ့ ကြပြီး ပြေတီဦး တစ်ယောက် မိုးဟေကိုတို့ရဲ့ ကျေးလက် ဓလေ့အတိုင်း မိန်းမတောင်းဖို့ သွားကြတဲ့အခါ အစပိုင်းမှာ ၀ပ်ရှော့ခ်ပိုင်ရှင် ခန့်စည်သူ ကိုယ်တိုင် ကားမောင်းပြီး သွားပေမဲ့ လမ်းမှာ ကားက သွားလို့မရတဲ့အခါ လှည်း တစ်စီး ငှားပြီး မိန်းမတောင်း ဖို့ ဆက်လက် သွားရောက်တဲ့ အခါ ကြုံတွေ့ရတဲ့ အခက် အခဲများကို ကိုဇော်(အရုဏ်ဦး) က ကျေးလက်သဘာဝ အလွဲအချော်ဖြစ်ခဲ့တဲ့ ဟာသ များနဲ့ ရိုက်ကူးပေးထားတာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီလို သွားတဲ့နေရာမှာ လမ်း မသိလို့ မေးလိုက်တဲ့လူက နားထိုင်းတာ ဖြစ်နေသလို၊ စကားမပြောတတ် တဲ့အအ ကို သွားမေးခဲ့လို့ လွဲချော်ခဲ့ရ တာတွေလည်း ပါဝင်ပါ တယ်။ တကယ်တမ်း ရောက်ဖြစ်သွားတဲ့ အခါကျ တော့ ခန့်စည်သူကို တစ်ဖက် သတ်ကြိုက်ပြီး မမက မောင်လေး နောက်လိုက်သွားပြီလို့ စာရေးထားခဲ့တဲ့ အပျိုကြီး နွဲ့နွဲ့စန်းတစ်ယောက် ခန့်စည်သူက မိုးဟေကိုရဲ့အမေ စိုးမြတ်သူဇာကို စိတ်ဝင်စား သွားတဲ့အခါ ခံစားရ တဲ့အဖြစ် အပျက်တွေလည်းပါဝင်တယ် လို့သိရပါတယ်။ ရွာမှာ မိုးဟေကို ကိုတစ်ဖက်သတ် ကြိုက်နေတဲ့ သူကတော့ နေမင်းဖြစ် ပြီး နေမင်းကလည်း ဒီဇာတ် ကားမှာ ရွာသားတစ်ယောက် ပုံစံနဲ့ ပီပြင်စွာ သရုပ်ဆောင် ပေးထားတယ်လို့ သိရပါ တယ်။
ဆရာမ ခင်ခင်ထူးရဲ့ လက်ရာကောင်း ၀တ္ထုတစ်ပုဒ် ဖြစ်တဲ့ မင်္ဂလာလှည်းကို ကို ဇော်(အရုဏ်ဦး)က သရုပ်ဆောင် အင်အားကောင်း ကောင်းနဲ့ ဇာတ်နဲ့လိုက်ဖက် မဲ့သူများကိုရွေးချယ်ပြီး ခရေ ဖြူအတွက် အကောင်းဆုံး ရိုက်ကူးပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
မင်္ဂလာလှည်းကို ခန့် စည်သူက ကြိုက်လို့မျက်ခြယ် နဲ့ရိုက်ဖို့ဝယ်ယူခဲ့တဲ့ ဇာတ်ဟာ အခုတော့ ခရေဖြူနဲ့ ရိုက်ကူး ပေမဲ့ ခန့်စည်သူက အဓိက သရုပ်ဆောင်တစ်ယောက်အနေ နဲ့ ပါဝင်ထားပါတယ်။
ကိုဇော်(အရုဏ်ဦး)က မင်္ဂလာလှည်းကို သူ့မူလ ဇာတ်ထဲမှာ ပါတဲ့အတိုင်း စစ်ကိုင်း အနောက်ဘက် လယ်ပြင် ကြီးရွာလို့ပါထားတဲ့အတွက် ကိုဇော်က စစ်ကိုင်းဘက်မှာ သွားရောက်ရိုက်ကူးဖြစ်တဲ့ အခါ ဇာတ်နဲ့ အနီးစပ်ဆုံးဖြစ် နိုင်မဲ့ကောင်းမှုတော် အနောက် ဘက်ကလယ်ကွင်းများနဲ့ စစ် ကိုင်းတံတားကို နောက်ခံ ထားပြီး ရုပ်ရှင်အနေနဲ့ပြလို့ ကောင်းမဲ့နေရာတွေကိုပါ ရိုက် ကူးခဲ့တယ်လို့ သိရပါတယ်။
ကျေးရွာတွေမှာ သွား ရောက်ရိုက်ကူးတဲ့အခါ သူတို့ဆီမှာ လာရိုက်လို့ အား ပေးကြတဲ့ နယ်ပရိသတ် များက အရမ်း များပြား ခဲ့ပြီး အချို့ နေရာတွေမှာ ရိုက်ကူး ဖို့တောင် အခက် အခဲရှိလို့ တောင်းပန် လူစုခွဲပြီး ရိုက်ကူးခဲ့ရတယ် လို့ သိရပါတယ်။ အဲဒီမှာ ရိုက်ကူးတဲ့ နေရာမှာလည်း အဲဒီက ပရိသတ်တွေ ကိုလည်း ရိုက်ကူးတဲ့ အချိန်မှာ ကိုက သဘောကျ အားပေးခဲ့ ကြလို့ ရုံတင်ပြသ တဲ့အခါမှာ လည်း ပရိသတ်များ ကြိုက် နှစ်သက်မဲ့ ကားဖြစ်ပါမယ်လို့ ကိုဇော်(အရုဏ်ဦး)က ပြောပြ ခဲ့ပါတယ်။
လင်းနိုင်ဦး
(ရွှေအမြုတေ မဂ္ဂဇင်း ဧပြီလ ၂၀၁၃)
======================
Related movie you might like to see :

ခင်ဝင့်ဝါက မစ်အင်တာနက်ဆုရရင်ရတာအားလ...

အွန်လိုင်းမှာ ဓာတ်ပုံပြင်ရန် အကောင်...

ကမ္ဘာ့အျိရပ်အရှည်ဆုံးလူသား ခါးလောက်...

လိင်ပြောင်းသူများ နိုင်ငံတကာ အလှမယ်...

““လက်ပံ””မှ ဒါရိုက်တာနဲ့ မင်းသမီး အ...

စက်တင်ဘာလ (၂၉) ရက်နေ့က ရန်ကုန်၊ Par...

အတိတ်ကံနဲ့ ပစ္စုပ္ပန်ကံတို့ကြောင့် အေ...

Miss Universe Myanmar 2013 အတွက် မဲ...
Labels:
သတင်း
Post a Comment