Latest Movie :

မိုးဟေကိုအကြောင်း

"လူရယ်လို့ ဖြစ်လာရင် အနုပညာရှင်မှ မဟုတ်ဘူး စီးပွားရေး လုပ်ငန်းရှင် ပဲဖြစ်ဖြစ်၊ အိမ်မှာ နေတဲ့ လူပဲဖြစ်ဖြစ် လူတိုင်း
လူတိုင်းမှာ စိတ်အနှောင့် အယှက် ဖြစ်စရာ ဒေါသ ဖြစ်စရာ စိတ်တို စရာလေး တွေအားလုံးရှိကြမှာပါ။ ဒါပေမဲ့ အဲဒါလေး
တွေ အားလုံးကို သူ့နေ ရာနဲ့သူ ထားတတ်ဖို့၊ ထားခဲ့ဖို့ နေတတ်ဖို့ပဲလိုတာပါ"လို့ ပြော လာတဲ့ သရုပ်ဆောင် မိုးဟေ ကိုရဲ့
မျက်လုံး သရုပ်ဆောင် မှုနဲ့ပတ်သက် ပြီး အနုပညာ ရှင်တွေက မေးခဲ့တာ ရယ်၊ ဖက်ရှင်နဲ့ ပတ်သက်ပြီး ပြင် ဆင်မှုတွေရယ်
ကို ရိုက်ကွင်း ပေါ်မှာ ဘယ်လို မေးခဲ့သလဲ ဆိုတာ ဖော်ပြ လိုက်ပါတယ်။

အိတုံ - မမိုးဝတ်တဲ့ အဝတ် အစားတွေက မမိုးနဲ့ ဆိုလိုက်ဖက် တော့ ဘယ်လို ရွေးချယ်ပြီး ဝတ်ဖြစ် လဲ။
မိုးဟေကို - ဒါကတော့  နံပါတ်တစ် မိန်းကလေး တစ်ယောက် အ နေနဲ့ ဝိတ်ကို ထိန်းတယ်။ အရမ်းဝ လာလို့ရှိရင်လည်း
ကိုယ့်အတွက် အဝတ်အစား ဝတ်ရတာ မကောင်း ဘူး။ ကိုယ့်ခန္ဓာကိုယ်က ကော်ပတ် ရုပ်မလေးတွေလို မလှရင်တောင်မှ
အဲဒီလို ဆိုဒ်လေးတွေ လောက်ရှိ နေမယ်ဆိုရင် ဘယ်အဝတ်အစားပဲ ဝတ်ဝတ်လှမယ်။ သင့်တော်မယ် ထင်တယ်။ ဖက်ရှင်
ရွေးချယ်မှုအ ပိုင်းဆို မိုးက အရောင်တောက် တောက်တွေ၊ အပွင့်တွေဘာတွေ ထက် မိုးက ရှင်းရှင်းလေးတွေ ရွေး ဖြစ်တယ်။
ဒီအဝတ်အစားမှာ ဆွဲ ဆောင်မှုတစ်ခုခု ရှိနေရမယ့် အဝတ် အစား ဆိုရင်တော့ မိုးက ပိုကြိုက် တယ်။

မျိုးမျိုးခိုင် - မိုးဆံပင်က ကာလာတွေ ချိန်းရင်လည်း လိုက် တော့ ကိုယ်နဲ့ လိုက်တဲ့ ဆံပင်ကာ လာကို ဘယ်လိုရွေးလဲ။
မိုးဟေကို-ကာလာတွေ ဆိုးတုန်းက ဆိုရင် တချို့ ကားတွေမှာ ဝါဝါထိန်ထိန်ရော၊ ကာလာတွေ များသွားတယ်။ နောက်ဆုံး
ဆိုးစရာ အရောင် မရှိတော့ အမည်းကိုပဲ ဆိုးထား လိုက်တယ်။ လိုက် ဖက်အောင် ဆိုးဖြစ်တယ်ဆိုတာ ထက် ကာလာ ချိန်း
ရတာကိုလည်း ကြိုက်လို့ ဆံပင်ဆိုး ဖြစ်သွားတာပါ။ ခဏခဏ ဆံပင်ဆိုးနေရင် ဆံပင်ပျက် စီးမှာစိုးလို့ အခု အမည်းရောင်
တစ် ခုကိုပဲ ထားဖြစ်တော့တယ်။

မောင် - မမိုးသရုပ်ဆောင်ရင် မျက်လုံးကို Mood သွားတာ အရမ်းကောင်းတော့ ဘယ်လိုလုပ် ဖြစ်လဲ။
မိုးဟေကို - မိုးက တမင်တကာကြီး မျက်လုံးကိုMood သိ ဝင်အောင် အဲဒီလိုမျိုး ကြီးတော့ ဖန်တီးထားတာ ဘယ်အရာမှမရှိပါ
ဘူး။ ဇာတ်ကောင် စရိုက်နဲ့ အညီ ကာလာ လိုက်ပြီးတော့ ချိန်းပေး လိုက်တာပဲ ရှိတာပါ။

မိုးထက်ကျော်
By 8Days A Week Entertainment

Share this article :

Post a Comment

 
Support : အညာမြေအောင် | ရုပ်ရှင်နှင့်သတင်း | Ko Aung
Copyright © 2011. အညာမြေအောင် - All Rights Reserved
Published by အညာမြေအောင်
Proudly powered by Blogger