Latest Movie :

ဂျုံရုပ်လုပ်နည်းကို မေရီချက်မင်းက ကလေးငယ်တွေကို သင်ပေးခဲ့သူ နန်းခင်ဇေယျာ

ပရဟိတ လူမှုရေးလုပ်ငန်းတွေ မှာ တက်ကြွစွာ လုပ်ဆောင်နေတဲ့ နန်းခင်ဇေယျာက ဇွန်လ ၂၃ ရက်နေ့က Happy World က မိသားစု တွေနဲ့ အတူ မေရီချက်မင်းက ကလေးတွေကို ဂျုံရုပ်လုပ်နည်းလေးတွေ သင်ပေးခဲ့တယ်လို့ ပြောပြပါတယ်။ “မေရီချက်မင်း နားမကြားအဖွဲ့ မှာ ကလေး အယောက် ၂ဝဝ နီးပါးဟာ ကိုရီးယားဂျုံနဲ့ အရုပ်လုပ်ကြတယ်။Happy World ကနေ ဒီလိုမျိုးလေးလုပ်ဖို့ရှိတယ်။

ကူပြီးသင်ပေးပါဆိုတာနဲ့ မေရီချက်မင်းက ဆရာမတွေနဲ့အတူ သင်ဖြစ်တယ်။ ပထမ ကတော့ ကိုယ်ပြောတာကို သူတို့ နားမလည် ဘူး။ အမူ အရာနဲ့ပဲ သင်ရမယ်ဆိုတော့ သူတို့ကိုဘယ်လို အမူအရာနဲ့လုပ်ပြရမယ်ဆိုတာကို သင်သွားတဲ့ အတွက် အဆင်ပြေသွားတယ်။ သူတို့က စကား မပြောတတ်ပေ မယ့် မျက်စိအာရုံက တအားကောင်းတယ်။ သူတို့ကိုဒီလိုလုပ်မယ် လို့ တစ်ခါပြလိုက်တာနဲ့ အားလုံး လုပ်နိုင်တယ်။ ပြီးတော့ သူတို့မှာ စည်းလုံးညီညွတ်မှု တအားရှိတယ်။ တန်းစီရမယ်ဆိုတာနဲ့ တစ်ခါ တည်း တန်းစီပြီးသားပဲ။ တအားတော်ကြတယ်။ သူတို့က အရင် ရှေးရေစက်ေ ကြာင့် ဒီလိုဖြစ်ကြတာ။ အဲဒီနေ့က အရုပ်ကလေး တွေလုပ်ကြတော့ သူတို့လုပ်ထားတဲ့သော့ချိတ်လေးနှစ်ခု လက်ဆောင် ပေးတယ်။ တအား အမြတ် တနိုးနဲ့ တန်ဖိုးထားရပါတယ်။ လွယ်တဲ့ အိတ်မှာလည်း အမြဲတပ်ထားတယ်။ လူငယ်တွေအကုန်လုံးလည်း ဝိုင်းဝန်းကူညီပေးကြပါ။ ဒီလိုလုပ်ပေးခြင်း ကသူတို့ရဲ့ဘဝရှေ့ ဆက် လျှောက်ရမယ့် ရည်မှန်းချက်တွေလည်း ပိုအောင်မြင်စေနိုင်မယ် လို့ထင်တယ်” လို့ ပြောပြပါတယ်။

မေမွန်မောင်

Popular Journal
Share this article :

Post a Comment

 
Support : အညာမြေအောင် | ရုပ်ရှင်နှင့်သတင်း | Ko Aung
Copyright © 2011. အညာမြေအောင် - All Rights Reserved
Published by အညာမြေအောင်
Proudly powered by Blogger