Latest Movie :

နိုင်ငံခြားကားတွေထဲကလို နမ်းဖို့ဆိုတာ မြန်မာအမြင်နဲ့ မယဉ်ပါးသေးပါဘူး အကယ်ဒမီထွန်းထွန်းဝင်း

မျက်လုံးလေးကလယ်ကလယ်၊ မာယာများတဲ့အလင်္ကာ ဇာတ်ကား မျိုးတွေ ပေါ်လာတဲ့အပေါ် ဦးထွန်း ထွန်းဝင်းအနေနဲ့ ဘယ်လိုမြင်လဲဆို တော့ - အဲဒါကတော့ မြန်မာပရိ သတ်တွေက Love Scene တွေကို ချက်ချင်းကြီးလက်မခံနိုင်သေးပါဘူး။ ကြင်နာစွာ နမ်းရှုပ်တာကိုခွင့်ပြု တယ်ဆိုတာနဲ့ အင်္ဂလိပ်ကားတွေလို နမ်းဖို့ဆိုတာ မြန်မာအမြင်နဲ့မယဉ် ပါးသေးပါဘူး။ နည်းနည်းရိုင်းနေ သေးပါတယ်။ တဖြည်းဖြည်းနဲ့တော့ နမ်းတာ၊ ရှုပ်တာကတော့ တစ်ခန်းစ၊ နှစ်ခန်းစပါလာမှာပဲလေ။ နိုင်ငံ တကာဈေးကွက်ကို ထိုးဖောက်မယ် ဆိုရင်တော့ ပါမှာပါပဲ။ နမ်းရုံ တော့နမ်းပါ။ ဒါပေမဲ့ နဖူးလေးနမ်း၊ ပါးလေးနမ်းပေါ့။ သိပ်ပြီးတော့ ညစ်ညမ်းတဲ့ပုံတွေ၊ Sexy ဖြစ်တဲ့ ပြကွက်တွေ မပြရင်ပြီးတာပါပဲ။ နမ်း တာကတော့ လူတိုင်းခွင့်လွှတ်ပါ တယ်။ နည်းနည်း Sexy ဖြစ်ပြီး အမှောင်ဘက်ရောက်သွားတဲ့ ပြ ကွက်မျိုးကျတော့ ကြင်နာစွာနမ်းရှုပ် တာမဟုတ်တော့ဘူး။ အလိုရမ္မက်နဲ့ နမ်းရှုပ်တာဖြစ်သွားရင် မြန်မာ ပရိသတ်တွေအနေနဲ့ မကြိုက်ဘူး ပေါ့။ ဆင်ဆာတွေ ပြန်တင်းကျပ် လာနိုင်တယ်ထင်လားဆိုတော့ - အခုတော့ ကြားနေရတာက ငါတို့ ပေးလိုက်တာက ကြင်နာစွာနမ်းရှုပ် ဖို့ပါ။ ကြမ်းတမ်းစွာ နမ်းရှုပ်ဖို့ မဟုတ် ဘူးဆိုပြီးပြန်ပိတ်မလို၊ ဘာလိုလိုနဲ့ ကြားနေရတယ်။ မာယာများတဲ့ အလင်္ကာက Internet တင်လို့ပါ။ ဆင်ဆာတင်ရင်တော့ ရမှာမဟုတ် ပါဘူး။ အဖြတ်ခံရမှာပါ။ Internet ဆိုတာ ဖွလိုက်တဲ့သဘောပါ။ အဲဒီ ကားကို ဆင်ဆာတင်ရင်တော့ ဖြတ် မှာပါ ပြလို့မရပါဘူး။ ဒီလိုကားတွေ ပေါ်လာတာက ဆင်ဆာမူဝါဒတွေ လျော့ပေးလိုက်တာကတစ်ကြောင်း၊ ခေတ်ကလည်း နမ်းတာ၊ ဖက်တာ သိပ်အဆန်းတကြယ် မဟုတ်တော့ ဘူးလေ။ ခုတင်ခန်းတို့၊ ခြင်ထောင် ခန်းတို့ကို ပရိသတ်က လက်မခံဘူး။ ကြင်ကြင်နာနာနမ်းရင် ဘယ်သူမှ ဘာမှမပြောပါဘူး။ ဦးတို့ကအသက် ကြီးနေပြီ။ ဒီစိတ်လည်းမရှိတော့ သလို ဘာကြောင့်လဲ မဝေဖန်တော့ ပါဘူးကွာ။

8 DAYS A WEEK ENTERTAINMENT
Share this article :

Post a Comment

 
Support : အညာမြေအောင် | ရုပ်ရှင်နှင့်သတင်း | Ko Aung
Copyright © 2011. အညာမြေအောင် - All Rights Reserved
Published by အညာမြေအောင်
Proudly powered by Blogger