Latest Movie :

စိုးမြတ်သူဇာ၏ လက်တလောအနုပညာလှုပ်ရှားမှု

လက်တလောအနုပညာလှုပ်ရှားမှုက အမေရိကမှာပြုလုပ်တဲ့ ဖျော်ဖြေပွဲမှာ
သီချင်းဆိုဖြစ်တယ်၊ ဒါကလည်း မမျှော်လင့်ဘဲဆိုဖြစ်တာပါ၊ ပြီးတော့
“လူးရတနာသိုက်” ရုပ်ရှင်ဇာတ်ကားကြီးတစ်ကား ထွက်ဖို့ရှိတယ်။
အဲ့ဒီ့ကားကို ပြင်ဦးလွင်မှာ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရိုက်ကူးထားပြီး
ကျော်ရဲအောင်၊ နေမင်း၊ သက်မွန်မြင့်၊ ဖူးဖူးတို့နှင့် သရုပ်ဆောင်ထား
ပါတယ်။အခုလက်ရှိ “၂၀ရာစုရဲ့ မျက်ရည်စက်များ” ဗီဒီယိုဇာတ်ကားကို
ဒါရိုက်တာ ကိုနေပိုင်ကရိုက်ကူးပြီး ရန်အောင်၊ နေမင်းတို့နဲ့အတူ
ရိုက်ကူးနေပါတယ်။ဒီကားလေးကလည်း မိသားစုကားလေးပါပဲ…
အမျိုးသားက ကလေးလိုချင်တယ်၊ ကလေးလည်းရရော အမျိုးသားက
ကိုယ့်ကို သံသယတွေဝင်ပြီး မယုံမကြည်ဖြစ်လာတယ်… အဲ့ဒီဇာတ်ကောင်
လေးမှာ သရုပ်ဆောင်ထားပါတယ်။ရုံတင်ကားအနေနဲ့ကတော့ မကြာမီ
ရုံတင်ပြသတော့မယ့် “လက်ပံ” ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထား
တယ်၊ “လက်ပံ” ဇာတ်ကားထဲမှာတော့ ယောက်ျားတစ်ယောက်ကို
စိတ်နာတာနဲ့ အမေတစ်ယောက်က သမီးတစ်ယောက်အပေါ် ဆက်ဆံတာ
တွေက အရမ်းရက်စက်တဲ့ဇာတ်ကောင်နေရာလေးမှာ သရုပ်ဆောင်
ထားပါတယ်၊ ဒီကားမှာ အကယ်ဒမီတော့မမှန်ထားပါဘူး။ ဒါပေမယ့်
ရရင်တော့လိုချင်ပါတယ်။“ရုပ်ရှင်မင်းသမီး” ဆိုတဲ့ ၀တ္ထုကိုလည်း
ကြိုးစားပြီး ရေးနေပါတယ်။

SkyNet TV Browser
Share this article :

Post a Comment

 
Support : အညာမြေအောင် | ရုပ်ရှင်နှင့်သတင်း | Ko Aung
Copyright © 2011. အညာမြေအောင် - All Rights Reserved
Published by အညာမြေအောင်
Proudly powered by Blogger