Latest Movie :

ပရိသတ် အတွက် ထိထိရောက်ရောက် ပညာရနိုင်မယ့် ဇာတ်ကား ရိုက်ကူးနေသူ မောင်

(ရန်ကုန်၊ မေ ၁၃)
ပညာပေး ဇာတ်ကားများသည် ပရိသတ် အတွက် စာအုပ် ဖတ်ရခြင်းထက် ပိုပြီး ထိထိရောက်ရောက် ပညာရနိုင် ကြောင်း သရုပ်ဆောင် မောင်က ပြော သည်။
ဒါရိုက်တာ သမီးမြတ်ကျော်၏     ‘ခဏ အငှား ခံစားကြည့်ပါ’ ပညာပေး ဇာတ်ကားတွင် မောင်က သရုပ်ဆောင် ထားကြောင်း သိရသည်။
”ဒီဇာတ်လမ်းလေးမှာက ကျွန်တော် အရင်က လုပ်နေတဲ့ ကာရိုက်တာ မျိုးလည်း မဟုတ်ဘူး။ ကျွန်တော်က ညီအစ်ကို မောင်နှမတွေထဲမှာ အကြီးဆုံး ပါ။ အငယ်ဆုံး ကလေးလေးက ဥာဏ် ရည်မမီတဲ့ ကလေးလေ။ အဲဒီ ကလေးအ ပေါ်လည်း ကျွန်တော်က ဂရုမစိုက်ဘူး။ အဲဒီ အငယ်ဆုံးကလေးကို တကယ့် အပြင်က ကလေးလေး ကိုခေါ်ပြီး ရိုက်ထား တာပါ။ အပြင်မှာ ဆိုရင် လူတွေက အဲဒီလို ကလေးမျိုးတွေကို ဆိုရင် မကြင်နာ ကြဘူး။ နောက်ပြီး ဟာသ တစ်ခုလို သဘော ထားကြတယ်။ တချို့ ဆိုရင် ရှက်တယ်။ အဲဒါမျိုးလေးတွေကို ပညာပေးချင်လို့ ရိုက်ဖြစ်တာပါ။ မသန်စွမ်းတဲ့ ကလေး တွေကို မနှိမ်စေချင်တဲ့ ဆန္ဒလေးလည်း ပါတယ်။ ကျွန်တော် က ဒီဇာတ်ကားထဲ မှာတော့ နည်းနည်း တစ်ကိုယ်ကောင်း ဆန်တဲ့သူ အဖြစ် သရုပ်ဆောင်ထားတယ်” ဟု မောင်က ဆိုသည်။
”စာအုပ် ဆိုရင် လူတွေက အချိန် ပေးပြီး မဖတ်ချင်ကြဘူး။ ဖတ်ရင်လည်း ဝတ္ထု ဇာတ်လမ်းလောက်ပဲ ဖတ်ချင်ကြ တယ်။ ဒီလို ပညာပေး စာအုပ် တစ်မျိုးဆို ရင် ဖတ်ရတာ ပျင်းသလိုလို ဖြစ်တယ်။ မဖတ်ချင်ကြဘူး။ ဇာတ်လမ်း ကျတော့ အများကြီး လုပ်ပေးနိုင်တယ်။ ဝတ္ထုဖတ် တာထက် ပရိသတ်က တီဗွီဆို ပိုပြီးကြည့် ချင်ကြတယ်။ ပိုပြီး ထိထိရောက်ရောက် ပညာပေးနိုင်တယ်”ဟု မောင်က ပညာ ပေး ဇာတ်ကားနှင့် ပတ်သက်၍ သူ့အ မြင်ကို ပြောပြသည်။
လွင်လွင်ထွန်း
Share this article :

Post a Comment

 
Support : အညာမြေအောင် | ရုပ်ရှင်နှင့်သတင်း | Ko Aung
Copyright © 2011. အညာမြေအောင် - All Rights Reserved
Published by အညာမြေအောင်
Proudly powered by Blogger