(ရန်ကုန်၊ မေ ၁၃)
သရုပ်ဆောင် အလုပ်ကို နားထားပြီး ဂီတဘက်ကို ပိုလုပ်ဖြစ်နေကြောင်း ခင်လေးနွယ် က ပြောသည်။
”ကားရိုက်တာက နေ့စဉ် လုပ်နေကျ အလုပ်။ သီချင်းကျ တော့ ဆိုရက် ရှိမှ ဆိုရတာ။ ဒါပေမဲ့ အသံသွင်းတဲ့ ရက်ဆိုရင် ကိုယ် ဒီအဆိုဘက်မှာ သင်တာ မရှိတော့ အခက်အခဲတော့ အများကြီး ရှိတယ်။ ကိုယ်ပိုင် သီချင်းတော့ မရှိသေးဘူး။ အဆိုတော်တွေ ရဲ့သီချင်းပဲ ဆိုတယ်။ သီချင်း တစ်ပုဒ် ဆိုတာက ဇာတ်ကား တစ်ကား ရိုက်နေ ရသလိုပါပဲ။ သီချင်း စာသားတွေ ကို ခံစားချက် အပြည့် နဲ့ စိတ်ပါအောင် ဆိုရင်ကောင်းတယ်။ ဒါ လည်း ခက်ခဲတဲ့ အလုပ် တစ်ခုပဲ။ ရှိုး ပွဲတွေမှာ ဆို ပိုပြီးတော့ ခက်ခဲတယ်။ ကိုယ်က သူများ သီချင်း ဆိုနေတာ ဆိုတော့ ဆိုထားတဲ့ ပိုင်ရှင် ကိုတော့ ဘယ်မီမှာလဲ။ သိတာပေါ့။ ပရိသတ်တွေက နားလည် ပြီးသားပါ” ဟု ၄င်း က ဆိုသည်။
တစ်ကိုယ်တော်ခွေ ထွက်ဖို့ ကြိုးစားနေပြီး သီချင်းတွေလည်း အပ်ထားကြောင်း၊ အတီးပိုင်းလည်း အပ်ထားကြောင်း၊ စီဒီ အရင်ထွက်မှာ ဖြစ်ကြောင်း၊ စီးပွားရေး ဘက်ကိုလည်း လုပ်ဖို့ ရှိပြီး သေချာ လျှင်ပြောပြ မှာဖြစ်ကြောင်း ခင်လေးနွယ် က ပြောသည်။

Post a Comment