Latest Movie :

၂ဝ၁၃ ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစား သမားများ အများဆုံး ဝင်ရောက် ယှဉ်ပြိုင်မည်

ပြီးခဲ့သော ၂ဝ၁၁ အင်ဒို ဆီးဂိမ်းတွင် အိမ်ရှင် အင်ဒိုနီးရှားမှ အားကစားသမား ၁ဝ၅၉ ဦးဖြင့် အများဆုံး ဝင် ရောက် ယှဉ်ပြိုင်ခဲ့သလိုလာမည့် ၂ဝ၁၃ မြန်မာ ဆီးဂိမ်းတွင်လည်း အိမ်ရှင် မြန်မာမှ အားကစားသမား ၉ဝဝ ကျော်ဖြင့် အများဆုံး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။

လာမည့် ဆီးဂိမ်းတွင် မြန်မာနိုင်ငံ အနေဖြင့် အားကစားနည်း ၃၃ မျိုး ထည့်သွင်းထားကာ ရွှေတံဆိပ် ၄၆ဝ ချီးမြှင့်ရန် ပြင်ဆင်ထားကြောင်း သိရသည်။ ''ကျွန်တော်တို့ အနေနဲ့ အားကစားသမားစာရင်း တောင်းယူမှုကို ဇူလိုင် ၁ ရက်က နောက်ဆုံးထားပြီး တောင်းခံခဲ့ပါတယ်။

စာရင်းအရ မြန်မာနိုင်ငံက အားကစားသမား အများဆုံး ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ် တို့ကလည်း အစဉ်လိုက် အများဆုံး ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။ နောက်ပြီး အမျိုးသား ဘောလုံး အားကစား မှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိတော့ဘူးလို့ သိရတဲ့ ဖိလစ်ပိုင် အသင်းလည်း ပြန်လည် ပါဝင်လာကြောင်း သိ ရပါတယ်'' ဟု မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ၏ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာ အနေဖြင့် ၂ဝ၁၃ ဆီးဂိမ်းတွင် အားကစားသမား ၉ဝဝ ကျော်ဖြင့် အများဆုံး ဝင်ရောက်ယှဉ်ပြိုင်ကာ ရွှေတံဆိပ်ဆု အများဆုံး ရရှိရန် ရည်မှန်းထားကြောင်း သိရသည်။

ကောင်းကင်
မြ၀တီ
Share this article :

Post a Comment

 
Support : အညာမြေအောင် | ရုပ်ရှင်နှင့်သတင်း | Ko Aung
Copyright © 2011. အညာမြေအောင် - All Rights Reserved
Published by အညာမြေအောင်
Proudly powered by Blogger