Latest Movie :

ဂီတကို ထိခိုက်စေမယ့် ဇာတ်ရုပ်မျိုး ရိုက်မှာ မဟုတ်ကြောင်း အောင်လပြော

ရော့ခ်ကာ အောင်လက “ဘောင်” ဆိုတဲ့ ဇာတ်ကားမှာ သရုပ်ဆောင် ထားခဲ့ ပြီး အခု တစ်ခေါက်မှာလည်း မြင့်မြတ်၊ နန်းဆုဦး တို့နဲ့ အတူ ဒါရိုက်တာ မလိခ စိုးထိုက်အောင် ရိုက်ကူးတဲ့ “အချစ်ရဲ့ တန်ခိုးများ” ဆိုတဲ့ ဇာတ်ကားမှာလည်း ပါဝင် သရုပ်ဆောင်ထားပါတယ်။

“ဘောင်” ရိုက်ကူးခဲ့စဉ် ကလည်း အောင်လရဲ့ ဂီတ ပရိသတ်တွေဆီ က ဝေဖန်သံတွေ ညံခဲ့တာကြောင့် အခုတစ်ခေါက် ရိုက်ကူးမှုမှာ ပရိသတ်တွေ ရဲ့ ဝေဖန်မှုတွေ ကြားရနိုင်ဖွယ် ရှိတာကြောင့် ဒီအပေါ်မှာရော ဘာပြောဖို့ ရှိလဲ ဆိုတော့ အောင်လက

“မရိုက်ဘူး ဆိုပေမယ့် ရှေ့မှာ တစ်ကား ရိုက်ရင်းနဲ့ မျောသွားတာ။ SIR ပရိသတ်တွေ ကတော့ မကြိုက်ကြဘူး။ ဒါပေမဲ့အပြောခံ ရမယ် ဆိုတာ သိပါတယ်။ အဲဒီ အတွက်လည်း ပြင်ဆင်ထားတယ်။ အဓိကက ကိုယ့်ရဲ့ လုပ်ရပ်ပဲပေါ့။ ဘယ်အလုပ်ပဲ လုပ်လုပ် နောက်ဆုံး ရလာတဲ့ အဖြေပေါ် မှာပဲ ကောင်းခြင်း၊ ဆိုးခြင်း မူတည်ပါတယ်။ ရော့ခ်ကာတွေ သရုပ်မဆောင် ရဘူး လို့လည်း ဥပဒေ မရှိပါဘူး။ နောက်ပိုင်းမှာလည်း ကိုယ်နဲ့လိုက်မယ့် ကားမျိုး ကမ်းလှမ်းလာရင် လည်း ရိုက်ဖြစ်မှာပါ။ ဒါပေမဲ့ ကိုယ့်ရဲ့ဂီတကို ထိခိုက်မယ့် ကာရိုက်တာမျိုးတော့ မရိုက်ပါဘူး။ ကျွန်တော်က အနုပညာ အားလုံး လုပ်ချင်တယ်။ ရုပ်ရှင် ဆိုတဲ့ အထဲမှာလည်း အကုန် ပါပါတယ်။ အဲဒီအတွက် လုပ်ဖြစ်တာလည်း ပါတယ်” လို့ပြောလာတဲ့ အောင်လ ကို ပြည် ပက ရုပ်ရှင် တွေလို ရော့ခ်ကာ တစ်ဦးရဲ့ဘဝကို ရိုက်ပြချင်တဲ့ စိတ်ရော ရှိလား ဆိုတော့

“ကျွန်တော်တို့ဆီမှာ ကရော့ခ်ကာဆိုရင် ကြော်ငြာ မရိုက်ရဘူး။ ရုပ်ရှင် မရိုက်ရဘူး။ အဲဒါမျိုးက ဘယ်မှာ မှမရှိဘူး။ ပြည်ပမှာ ဆိုလည်း ရော့ခ် ကာတွေ သရုပ်ဆောင် ကြတာပဲ။ Linkin Park က Chester ဆိုလည်း Saw 5 ထဲမှာ ဝင် သရုပ်ဆောင် ခဲ့သေးတာပဲ။ စိတ်ပါဝင်စားမှုပေါ် မှာပဲ မူတည်ပါ တယ်။ ဒါကလည်း ကျွန်တော့်ရဲ့ Side Project တစ်ခု အနေနဲ့ လုပ်ဖြစ်တာ ပါ။ ဒါကြီးကို ဇောက်ချလုပ်ဖို့တော့အ စီအစဉ်မရှိဘူး။ မြူးဇစ်ကို အားတဲ့ အချိန်မှာ လုပ်ဖြစ်တာပါ။ ကျွန်တော်က အားနေရင် မနေ တတ်လို့ပါ။ စိတ်ဓာတ် ကျတတ်လို့ ဒီဘက်ကို လည်းပဲ လုပ်ဖြစ်တာပါ” လို့ အောင်လ ကပြောပါတယ်။

အောင်လက အင်္ဂလန်မှာ ကျောင်းသွားတက်ဖို့ စီစဉ်ထားတဲ့ ကိစ္စ ကိုလည်း မသွားဖြစ်တော့ဘဲ သွားရင် ၅ နှစ်လောက် ကြာမှာ ဖြစ်တာကြောင့် ဒီက လုပ်ငန်းတွေကို ပစ်မထားချင်တဲ့ အတွက် မသွားဖြစ်တော့ဘူး လို့လည်း ဆိုပါ တယ်။

ရဲရဲ - Popular Journal
Share this article :

Post a Comment

 
Support : အညာမြေအောင် | ရုပ်ရှင်နှင့်သတင်း | Ko Aung
Copyright © 2011. အညာမြေအောင် - All Rights Reserved
Published by အညာမြေအောင်
Proudly powered by Blogger