Latest Movie :

ဖြူဖြူကျော်သိန်းရဲ့ဖက်ရှင်လျှို့ ဝှက်ချက်

ပွဲတွေတိုင်းမှာ ဖက်ရှင်တွေ မထပ် အောင် မရိုးအောင်၊ ပရိသတ် တွေ စိတ်ဝင်တစားစောင့်ကြည့် တဲ့ သူတွေထဲမှာ ဖြူဖြူကျော်သိန်း လည်းအပါအဝင်ဖြစ်ပါတယ်။ ပုံစံဆန်း တဲ့ ဖက်ရှင်ဒီဇိုင်းတွေကို အဘက်ဘက် ကနေ ဝိုင်းဝန်းပံ့ပိုးပေးကြသလို ကိုယ်တိုင်ကလည်း ဝါသနာပါတဲ့ အတွက် စိတ်ဝင်တစားလုပ်ဖြစ် ကြောင်းကို ဖြူဖြူကျော်သိန်းက
" များသောအား ဖြင့် ဖြူဖြူရဲ့ဖက်ရှင်တွေကို စဉ်းစားပေးတာက ဖြူဖြူရဲ့ အမေနဲ့မမညိုက စဉ်းစားပေးတယ်။ နောက် ဖြူဖြူရဲ့ ဒီဇိုင်နာ မတင်တင်ခိုင်က ချုပ်ပေးတယ်။

အမြဲတော့ကြိုပြောကြတယ်။ ပြန်တိုင်ပင်ပြီး ကိုယ် ထပ်လုပ်ချင်တာ လေးတွေ အနည်းအကျဉ်းထပ်ပြော တယ်။ကိုယ့်ကိုပံ့ပိုးပေးတဲ့သူ ပိုများလာလေလေ ကိုယ့် ရဲ့
တင်ဆက်မှုတွေက ပရိသတ်အတွက်ပိုပြီး အရည်အသွေးပြည့်ဝလာတယ်လို့ထင်တယ်။

ဒါကလည်း ဘုရားပေးတဲ့ အင်မတန်ကြီးမား တဲ့ ၊ကောင်းချီးပေါင်းများစွာထဲက တစ်ခု လို့
ပြောရမှာပဲ။နောက် ဗမသာေ ရှိုး လျှောက်တုန်းကဆို သူတို့ဘက်လည်း စီစဉ်လာသလို ဖြူဖြူက ထူးထူး ဆန်းဆန်းလေးလုပ်ချင်တယ်ဆို တာသိတတ်တော့ ထိုင်မသိမ်းဆို လည်း အနက်ရောင်ဝတ်ချင်တာကို လုပ် ပေးတယ်" လို့ ပြောပြပါတယ်။

ဖက်ရှင်တစ်ခုဖြစ်ဖို့အတွက် ရှိတာလေးနဲ့ အကောင်း ဆုံးဝတ်ဆင်နိုင်ရမှာဖြစ်သလို ကိုယ့်ရဲ့သိက္ခာတရားနဲ့ လုံခြုံမှု ရှိဖို့လည်းလိုအပ်တယ်လို့ ပြောပြတဲ့ဖြူဖြူကျော်သိန်းက..

" ငယ်ငယ်ထဲက ဖြူဖြူတို့ ညီအစ်မတွေက ဖက်ရှင်ကို သဘောကျကြတယ်။ တက္ကသိုလ်ကျောင်းတက်တုန်းကဆိုရင် ကိုယ်တိုင်ဒီဇိုင်းပေးပြီး ချုပ်ကြတယ်။ အနုပညာရှင်ဖြစ်လာတဲ့

အခါကျတော့လမ်းထွက်တဲ့အခါ သူများထက်ပိုပြီး ဆန်းနေ အောင်ဝတ်ရတယ်။ လန်သွားတာကို ပြောတာမဟုတ်ဘူး။လန်းနေအောင် သပ်သပ်ရပ်ရပ်၊လှလှပပရှိအောင် ဝတ်ရ တယ်။

ပရိသတ်တွေရဲ့အား ပေးမှုကြောင့် ကိုယ့်ဘက်ကထပ် ထပ်ပြီး လုပ်ဖို့အင်အားတွေရလေလေပဲ။ ဖက်ရှင် ကက်တလောက်တွေ၊ FTV တွေကြည့်တယ်။ မျက်စိကတော့ လျင်နေရတာပဲ။ အရေးကြီးတာက တစ်ကမ္ဘာလုံးမှာ တစ် ယောက်တည်းရှိတဲ့ အဝတ်ဝတ်တာမျိုး ဖြစ်ရမယ် ဆိုတာထက် ကိုယ်တန်ဖိုးထားတဲ့ အရာတွေကို ဆက်ပြီး
ထိန်းသိမ်းပေးနိုင်တဲ့ အဝတ်အစားမျိုးဖြစ်ဖို့လည်း လိုတယ်။ ဖြူဖြူက ခေတ်လွန် အောင်၊ ခေတ်ဆန်အောင် ဝတ်နိုင်တယ်။

ဒါပေမဲ့ ဖြူဖြူရဲ့ ဖက်ရှင်ကို ကြည့်နေတဲ့သူဆိုသိမှာပါ။ ဖြူဖြူဝတ်တဲ့ ပုံစံဟာ ဖြူဖြူတို့ရဲ့ ယဉ်ကျေးမှုထဲမှာပဲရှိတယ်ဆိုတာကိုပေါ့။ အဲဒါကို
ဖြူဖြူရဲ့ပရိသတ်တွေသတ်မှတ်သလိုနိုင်ငံခြားက မီဒီယာတွေ သတ်မှတ်တာက မြန်မာလေဒီဂါဂါဆိုပြီး နှိုင်းယှဉ်ပြီး ရေးတယ်။ နိုင်ငံခြားသတင်းထောက်က ရေးတဲ့အခါ မြန်မာပြည်က ဖြူဖြူကျော်သိန်းဆိုတာက သူ့ရဲ့နိုင်ငံက Local Counter Content အတွင်းမှာပဲတော့ ဝတ်စားဆင်ယင်တဲ့သူဖြစ်ပါတယ်" ဆိုပြီး လေဒီဂါဂါနဲ့ မတူတဲ့ အချက်ကို ပြောတယ်။

တခြားမတူ တဲ့ အချက်တွေ ရေးထားတဲ့အထဲ မှာ ဒါကိုလည်း သုံးသပ်ရေးသွားတယ်။ အဲဒါလေးတွေ့ရ တော့ ကျေနပ်ပီတိ ဖြစ်ရတယ်။ ငါ့ရဲ့ ရပ်တည်ရွေးချယ်မှု သေးသေးလေးတွေကတစ်ချိန်ကျတော့လည်း ဒီလို အသိအမှတ်ပြုခံရပါလားလို့ ကျေနပ်ရတယ်။

ဖြူဖြူက ဖက်ရှင်ကို စင်ပေါ်မှာ ဘယ်လိုဖြစ်မှဝတ်ချင်တယ်ဆို တာရှိပြီးသား၊ ရိုးရိုးဆို သက်သောင့်သက်သာ လှလှပပ ကို ဝတ်တယ်။ အခြေအနေပေါ်မူတည်ပြီး ဝတ်တယ်။ အနုပညာမောင်နှမတွေက ဒီဖက်ရှင်ကိုအင်မတန်ရုန်း ကန်ပြီး လုပ်ကြရတယ်။ ကိုယ့်ရဲ့ trend ခုဖြစ်ဖို့အတွက် ရော၊ ပရိသတ်မျက်စိပသာဒဖြစ်ဖို့အတွက် ရော၊ကိုယ်တိုင်

ဝါသနာပါတဲ့ အတွက်ရောပေါ့။ ဖက်ရှင်ကျလှပမှုမှာ ပထမဆုံးအချက်က တစ်ကိုယ် ရည်သန့်ရှင်းမှု၊ ကျန်းမာမှု၊ မိမိကိုယ်ကိုယ်ယုံကြည်မှုရှိနေဖို့အရေးကြီးတယ်။

ရိုးသားတဲ့သူတစ်ယောက်ရဲ့ပုံစံ၊သပ်ရပ်သန့်ရှင်းတဲ့ ဝတ်စုံဆိုရ ပါပြီ။ တအား brand ဖြစ်မှမဟုတ်ဘူး။ ကိုယ်သွားမယ့် နေရာဒေသနဲ့ လိုက်ဖက်ရမယ်။လုံခြုံရမယ်။ကိုယ်သန့် ရှင်းစွာ ရှာဖွေထားတဲ့ ဝင်ငွေအတွင်းမှာတတ်နိုင်တဲ့ ဖက်ရှင်ကျမှုက ပိုတန်ဖိုးရှိတယ်။ ကိုယ့်ရဲ့သိက္ခာနဲ့ ရိုးသားတည်တံ့မှုထက် ပိုပြီးတောက်ပတာ မရှိဘူး။ စိတ် လှရင်၊ကိုယ်ကျင့်တရားလှရင်လှပြီးသားပါ၊ရှိတာလေးနဲ့ ဖက်ရှင်ကျအောင်နေလို့ရပါတယ်" လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင် - Popular Journal
Share this article :

Post a Comment

 
Support : အညာမြေအောင် | ရုပ်ရှင်နှင့်သတင်း | Ko Aung
Copyright © 2011. အညာမြေအောင် - All Rights Reserved
Published by အညာမြေအောင်
Proudly powered by Blogger