Latest Movie :

လက်ပံ ရုပ်ရှင်ဇာတ် ကားနဲ့ အကယ်ဒမီ အတွက် ရင်ခုန်မယ့် စိုးမြတ်သူဇာ

ရုပ်ရှင်အထူးပွဲ ပြသတဲ့အခါ လာ ရောက်ကြည့်ရှုခဲလှတဲ့ စိုးမြတ်သူဇာ ကို လက်ပံရုပ်ရှင်ဇာတ်ကား အထူးပွဲ ပြသတဲ့နေ့ကထူးထူးခြားခြားတွေ့ရ ပါတယ်။ဒီဇာတ်ကားကြီးမှာ တအား ရက်စက်မာကြောတဲ့ မိန်းမအဖြစ်နဲ့ သရုပ်ဆောင်ထားတ စိုးမြတ်သူဇာ က “အဲဒီထဲကမိန်းမက အင်မတန်ရက် စက်မာကြောလွန်းတယ်။အဲဒီလို အမျိုး သမီးမျိုး အပြင်လောကမှာ တကယ်ရှိ၊ မရှိတော့ကျွန်မမသိဘူး။ ကျွန်မကတော့ အဲဒီလောက် မမာကြော ဘူး။ ကိုယ့် ဘာသာကိုယ်မာကြောတယ်လို့ ထင် တာတောင်မှ အဲဒီလောက် မမာကြော ဘူး။ အဲဒီဇာတ်ကားထဲက မိန်းမရဲ့ စိတ် ဓာတ်မျိုး ကယောက်ျားတစ်ယောက်ကို စိတ်နာတာနဲ့ သမီးအပေါ်မှာ သိပ်ရက် စက်လွန်းတယ်လို့ ကျွန်မထင်တယ်။ဒါပေမဲ့ သူသေသွားတဲ့အခါကျတော့ လည်း သမီးဖြစ်တဲ့လူ ဒီလောကမှာ ဆက်လက်ပြီး ရပ်တည်နိုင်ဖို့က အဲဒီလိုမာထားတာ တစ်မျိုးကောင်းတာပဲလို့ ယူဆမိတယ်။

တကယ်တမ်းလက်တွေ့မှာတော့ အပြင်မှာ ကိုယ့်ကိုတာဝန်မယူတဲ့ေ ယာက်ျားတစ်ယောက်ကြောင့်ကလေးမွေးရတဲ့ မိန်းမတစ် ယောက် ရဲ့ဘဝကေ တ်ာတော်ခက်ခဲမယ်လို့ ကျွန်မ ယုံကြည်တယ်။ ဘာကြောင့်လဲဆိုတော့ လူဆို တာပတ်ဝန်းကျင်နဲ့နေတာကိုး။ သူ့မှာ မိဘ တွေရှိတယ်၊ဆွေမျိုး အ သိုင်းအဝိုင်းတွေရှိတယ်ဆိုရင် ပိုတောင် မျက်နှာငယ်ရဦးမယ်။ အဲဒီခံစားချက်ကြီးကိုတော့ ကျွန်မ နားလည်တယ်။အဲဒီလို မိန်းမသားမျိုးတွေ လည်းလောကကြီး မှာအများကြီးရှိမှာပဲ။ကျွန်မလည်း လုပ် တတ်သလောက်အဲဒီစိတ် နဲ့ပဲလုပ်ကြည့်လိုက်တယ်။ အဲဒီ ဇာတ်ကားထဲမှာ သူဘယ်လိုမှမရပ် တည်နိုင်တဲ့အဆုံးမှာသူ့ကိုယ်သူသတ်သေလိုက်တာပဲလေ” လို့ပြောပါ တယ်။ဘယ်ဇာတ်ကားပဲရိုက်ရိုက်သူ့နေရာနဲ့သူပင်ပန်း တာပဲဆိုတဲ့ စိုးမြတ်သူဇာက “ဒီဇာတ်ကားလည်း ပင်ပန်း တာပဲ။စိတ်ပင်ပန်း တာပေါ့။ဟာသဇာတ်ကား ရိုက်လည်း ပင်ပန်းတာပဲ။ဟာသက ပိုတောင်ခက်ခဲေ သးတယ်။ဒရာ မာရိုက်တော့စိတ်တွေပိုပင်ပန်းတယ်။ ဇာတ်ကားရိုက်ရင် ကျွန်မကကိုယ်နဲ့အတူပါဝင်တဲ့သရုပ်ဆောင်တွေကိုအမြဲ စဉ်းစားတယ်။

ကိုယ်နဲ့ပါဝင်တဲ့လူတွေအပေါ်မှာမူတည်ပြီး ဟာမိုနီဖြစ်အောင်၊ လိုက်လျောညီထွေဖြစ်အောင် စဉ်း စားပြီးမှရိုက်ရတာဆိုတော့ တစ်ခါတလေကျရင် တက် ညီလက်ညီဖြစ်တဲ့အခါမျိုးကျရင် စိတ်ကပင်ပန်းရတာ တစ်မျိုး၊တက်ညီလက်ညီဖြစ်အောင် လည်းတစ် စုတစ်ဝေး နဲ့စည်းလုံးအောင်နေရထိုင်ရ တာတွေလည်းရှိတယ်။

ဇာတ်ကားတိုင်းကတော့စိတ်ပင်ပန်းတာရော၊ ကိုယ်ပင် ပန်းတာရောနှ စ်မျိုးရှိတာပေါ့။တစ်ခုမှမလွတ်ပါဘူး။အမြဲပင်ပန်းပါတယ်” လို့ပြောပါ တယ်။စိုးမြတ်သူဇာက ဒီနှစ်ထဲမှာအမုန်းမီးတောက် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အမျိုးသမီးဇာတ်ဆောင်ဆုကို ရနိုင်သလို အခု လက်ပံ ရုပ်ရှင်ဇာတ် ကားနဲ့လည်း အမျိုးသမီးဇာတ်ပို့ဆုကိုရ နိုင်တာကြောင့် အကယ်ဒမီဆု နဲ့ပတ်သက်ပြီး မျှော်လင့် ချက်ကိုမေးတော့ စိုးမြတ်သူဇာက “မျှော်လင့် တာပေါ့။ ဘယ်ဇာတ်ကားမဆိုပဲ။ကုသိုလ်ကံပေါ်မှာလည်း မူ တည်တယ်။ အခြေအနေအကြောင်း အရာတွေပေါ်မှာ လည်းမူတည်တယ်။ အပြောင်း အလဲတွေပေါ်မှာ လည်း မူတည်တယ်။ အကြောင်းအရာတွေအားလုံး တိုက်ဆိုင် မှရမယ့် အကယ်ဒမီကို ကျွန်မတန်ဖိုးထားတယ်။ ဘာ ကြောင့် ပဲပေးပေး တစ်နှစ်ထဲမှာ နှစ်ဆုပဲပေးပေး၊ တစ် ယောက် ထဲကို ၃ဆုပဲပေးပေးလိုချင်တာချည်းပဲ။ လို ချင်တဲ့တာဝန်က ကိုယ့် ကိစ္စလေ။ ပေးတာတော့ ကိုယ့် ကိစ္စ မဟုတ်ဘူး” လို့ပြောပါတယ်။

ခိုင်ဝေလွင်၊ ဓာတ်ပုံ-အောင်ဇော်မင်း

Popular Journal
Share this article :

Post a Comment

 
Support : အညာမြေအောင် | ရုပ်ရှင်နှင့်သတင်း | Ko Aung
Copyright © 2011. အညာမြေအောင် - All Rights Reserved
Published by အညာမြေအောင်
Proudly powered by Blogger