Latest Movie :

အခက်အခဲတွေ စိန်ခေါ် မှုတွေ များခဲ့တဲ့ လက်ပံရုပ်ရှင်နဲ့ ပြေတီဦး

လက်ပံရုပ်ရှင်ဇာတ်ကားကြီး တွင် ဆရာဝန်ကြီး ဦးရာဇာကျော် အဖြစ် သရုပ်ဆောင်ရတဲ့ ပြေတီဦးက ဒီဇာတ်ကာက ဇာတ်ကားကောင်း တစ်ကား ဖြစ်ပြီး ဒီဇာတ်ကားရဲ့ ရလဒ်အပေါ်မှာလည်း ကျေ နပ်ကြောင်း ပြောပါတယ်။ ဒီဇာတ် ကားထဲမှာ အကြိုက်ဆုံး ဇာတ်ဝင် ခန်းကိုမေးတော့ ပြေတီဦး က.. “ကျွန် တော်အကြိုက်ဆုံးဇာတ်ဝင်ခန်းက မကြီးစိုးနဲ့ ဖွေးဖွေးနဲ့ နောက်ဆုံးနှုတ်ထွက်ပြီး ခွဲခွာကြတဲ့ အခန်းကို တအားကြိုက်တယ်။

ပြီးတော့ ဖွေးဖွေးက ကျွန်တော့်ကို သူ့ အဖေမှန်းသိပြီး သတ်မယ်ဆိုပြီး ဓားနဲ့ထိုးမယ့်အခန်းကို ကြိုက်တယ်” လို့ ပြောပါတယ်။ ပြေတီဦးက ပထမ ဆုံး အကယ်ဒမီဆုရတဲ့ ‘အာဒံရယ်၊ ဧဝ ရယ်၊ ဒသရယ်’ ဇာတ်ကားမှာ ပရိသတ်မုန်းတဲ့ ဇာတ်ရုပ်ဒသနေရာ ကနေ အကယ် ဒမီဆုကို ဆွတ်ခူးနိုင်ခဲ့ ပါတယ်။ အခု လက်ပံဇာတ်ကား ကလည်း ပရိသတ် တွေမုန်းတဲ့ ဇာတ်ရုပ်ပါပဲ။ ဒီလိုဇာတ်ရုပ်မျိုးတွေ သရုပ်ဆောင်တဲ့အပေါ် ပြေတီဦးက . . .

”အစောကြီးကတည်းကပရိသတ်ကြိုက်မယ့်ဇာတ်ရုပ်နေရာကနေ ဝင်ရိုက် ပြီးတော့ အောင်မြင်တာက လွယ်တယ်လေ။ ပရိသတ် မကြိုက်နိုင်မယ့် ဇာတ်ရုပ်မျိုးကို ရိုက်ပြီး အောင်မြင်တယ်ဆိုတာမျိုးက ပိုခက်တယ်။ အဲဒီလို ခက်တာကို ကျွန်တော်က ပိုပြီး စိတ်ဝင်စား တယ်။ အဲဒါကြောင့် အဲဒီ လိုစိန်ခေါ် မှုမျိုးကို ကြိုက်တဲ့အတွက် ပိုရိုက်ချင်တာပါ။ ဒီကားမှာက ပရိသတ်ချစ် တဲ့ ဇာတ်ရုပ်မျိုးမဟုတ်တဲ့အတွက် ပိုခက်တယ်။ မင်းသမီးက အသစ်တစ်ယောက် ဖြစ်နေတဲ့အတွက် ကြောင့် ပိုခက်တယ်။ အဲဒီတော့ အာဒံရရယ်၊ ဧဝရယ်၊ ဒသရယ်ထက်ကို ဒီဇာတ်ကားက အခက်အခဲပို များတယ်။ စိန်ခေါ် မှုပိုများတယ်” လို့ ပြောပါတယ်။ လက်ပံဇာတ်ကားနဲ့ ပရိသတ်တွေပေး တဲ့ဆုကို ပိုလိုချင်ကြောင်းကို ပြေတီဦးက..

”ရမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ လိုချင်ပါတယ်။ မရဘူးဆို လည်း ကျေနပ်ပါတယ်။ အဓိက ပိုတန်ဖိုးထားပြီး ပိုလိုချင်တာကတော့ ပရိသတ်ေ ပး တဲ့ဆုပါ။ ပရိသတ်ပေးတဲ့ သတ်မှတ်ချက်တစ်ခုအတွက်ကိုပဲ ဒီလောက်ထိ စွန့် စားပြီး ရိုက်ထားတာပါ။ ပရိသတ်ပေးမယ့်ဆုကို အများကြီး တန်ဖိုးထားပါ တယ်” လို့ ပြောပါတယ်။

အထူးပွဲကြည့်ရှုပြီး ပြင်ဦးလွင်ကို ပြန်သွားတဲ့ ပြေတီဦးက ပြင်ဦးလွင်မှာ ဇာတ်ကား ၉ ကားရိုက်ကူးမှာဖြစ်ပြီး ၂ကားကျန်သေးတဲ့အတွက် ဇူလိုင် လ ဆန်းမှ ရန်ကုန်ပြန်လာမှာ ဖြစ်ကြောင်း ပြောပါတယ်။

ခိုင်ဝေလွင် - Popular Journal
Share this article :

Post a Comment

 
Support : အညာမြေအောင် | ရုပ်ရှင်နှင့်သတင်း | Ko Aung
Copyright © 2011. အညာမြေအောင် - All Rights Reserved
Published by အညာမြေအောင်
Proudly powered by Blogger