Latest Movie :

သန္တာဗိုရင်ခုန်နေတဲ့ သီချင်းတပုဒ်

သန္တာဗိုက တစ်ကိုယ်တော် အခွေဖြစ်တဲ့ ‘ကျောက်ဆစ်နှလုံး သား’ အခွေကိုထွက်နိုင်အောင် စီစဉ်နေသလိုစင်ကာပူမှာ သွား ရောက်ေ ဖျာ်ဖြေမယ့် ‘နှင်းဆီ’ အဖွဲ့နဲ့ အတူသွားရောက်ဖျော် ဖြေမှာဖြစ်ပါ တယ်။

ဖျော်ဖြေပွဲအတွက်ကြိုတင်လေ့ကျင့်မှုတွေ လည်းလုပ်ရမှာဖြစ်တာကြောင့် ဇွန်၂၇ရက်ေ န့ထဲက ကြိုတင် သွားရောက်မယ်လို့ပြောပြပါတယ်။ “ယူရေနီယမ်အဖွဲ့ နဲ့အတူအကပါဖောမန့် နဲ့ဖျော်ဖြေမယ်။နောက်အခု ထွက်မယ့် သီချင်းခွေထဲ ကကို မိုးမိုးရေးပေးထားတဲ့ ‘ဒိုး’ ဆိုတဲ့သီချင်း ကိုလည်းအကနဲ့ဖျော်ဖြေမယ်။အကအတွက် အကုန်လုံးသေချာလေ့ လာပြီးမှလုပ်ပါတယ်။ဒီခရီးစဉ် နဲ့နှင်းဆီအဖွဲ့နဲ့ပထမဆုံးသွားတာပါ။တစ်ခါမှ သီချင်း ဆိုရင်းကတာ မဖျော်ဖြေဖူးဘူး။ သီချင်းဆို ဆိုရင်ဆို လိုက်တာပဲ။

ဒါက ပထမဆုံးပဲဆိုတော့ စိုးရိမ်မိတယ်။ ပရိသတ်တွေနှစ်သက် အားပေးတဲ့ နှင်းဆီအဖွဲ့နဲ့အတူ သွားရတာဆိုတော့ ဝမ်းလည်း သာတယ်။ရင်လည်း ခုန်တယ်။ကိုယ့်သီချင်းကို လည်းချပြ ခွင့်ရတဲ့အ တွက် ပျော်တယ်။ ဒီသီချင်းက ပရိသတ်တွေအတွက် စိမ်း နေမယ်။ ဒါပေမဲ့ပါဖောမန့်တွေနဲ့ဆိုတော့ ပရိသတ် တွေကြိုက် မယ်လို့ထင်ပါ တယ်။သီချင်းပုံစံက ယောက်ျား လေးတွေအကြောင်းကို ဆိုထားတာ။ မိန်းကလေးပရိ သတ်တွေကြိုက်ကြမှာပါ” လို့ပြောပြပါ တယ်။ ဖျော်ဖြေ ပွဲသွားတဲ့အခါ စင်ကာပူပရိသတ်တွေအတွက်တစ်ကိုယ်တော် ထဲက သီချင်းတွေကိုအခွေအဖြစ်လက်ဆောင် ပေးဖို့ယူသွားမယ် လို့ ပြောပြ တာကြောင့် “သီချင်းတွေကို sample အနေနဲ့ ၃ပုဒ်လောက်ထည့်ပြီး လက်ဆောင်ဝေပေးမလား လို့စဉ်းစားထားတယ်။အခွေအတွက်လည်း အများကြီးမျှော်လင့် ထားတာ” လို့ပြောပြပါတယ်။

မေမွန်မောင် ဓာတ်ပုံ-အောင်ဇော်မင်း

Popular Journal
Share this article :

Post a Comment

 
Support : အညာမြေအောင် | ရုပ်ရှင်နှင့်သတင်း | Ko Aung
Copyright © 2011. အညာမြေအောင် - All Rights Reserved
Published by အညာမြေအောင်
Proudly powered by Blogger