Latest Movie :

မေလအတွင်းထွက်လာမယ့် Rဇာနည် ရဲ့ အဆိပ်တက် အိပ်မက်ဗီစီဒီ

သင်္ကြန်တွင်းကို မန္တလေး Alpine မှာ ဖြတ်သန်းခဲ့တဲ့ Rဇာနည် က သင်္ကြန်အပြီးမှာလည်း မနားရဘဲ ရှိုးတွေ လိုက်ဆိုဖြစ်နေပါတယ်။
Rဇာနည်ရဲ့ အဆိပ်တက်အိပ်မက်တေးစီးရီး ဗီစီဒီကိုလည်း မေလထဲမှာ ထွက်မယ်လို့သိရပါတယ်။ ထိုင်းကို ရှိုးပွဲတွေ တောက်လျှောက
်လိုသွားဆိုဖြစ်နေတဲ့ Rဇာနည်ကို ထိုင်းမှာ ဖျော်ဖြေမှုနဲ့ပတ်သက်ပြီး ဘယ်လို အနေအထားမျိုးရှိလဲ လို့မေးတော့" ထိုင်းဘက်ကိုတော့
ဟိုးလွန်ခဲ့တဲ့ ၅နှစ်၊ ၆နှစ်ဝန်းကျင်ကတည်းကတောက်လျှောက် လိုသွားဖြစ်တယ်။ အရင်ကတော့ ပွဲစီစဉ်သူမြန်မာတွေက အဲဒီက
မြန်မာအလုပ်သမားတွေအတွက် စပြီးလုပ်ပေးတယ်။ အဲဒါနဲ့ နောက်ပိုင်းထိုင်းက စီစဉ်သူတွေပါလုပ်လာကြရင်းတောက်လျှောက်ဖြစ်
လာတာ။
အဲဒီမှာအလုပ်သမားတွေလည်း များတော့ ဖျော်ဖြေပွဲမှာ သူတို့အတွက် လုံခြုံရေးကို အပြည့်အဝတာဝန် ယူပေးထားရင်တော့
အဆင်ပြေတယ်။ အဲဒီလိုမှမဟုတ်ရင်တော့ အဆင်မပြေဘူး။ ပွဲလုပ်တဲ့သူလည်း ရှုံးတယ်။ သေချာစီစဉ်ထားရင်တော့ အဆင်ပြေပါတယ်။
အဲဒီမှာဖျော်ဖြေတဲ့ပွဲတွေမှာက သေချာ စီစဉ်ထားသင့်ပါတယ်" လို့ ထိုင်းဖျော်ဖြေပွဲတွေနဲ့ ပတ်သက်ပြီး ပြောပါတယ်။ပြည်ပရှိုးတွေသွားတ
ဲ့အခါ ကိုယ့်ဝိုင်းနဲ့ ကိုယ်သွားဖို့ပဲ ပြောလေ့ရှိသလားဆိုတာကိုမေးတော့" မသိတဲ့ဝိုင်းတွေနဲ့ဆိုရင် သီချင်းတိုက်ဖို့က အချိန်လည်းကြာမှာ
စိုးလို့ပါ။ ဒီမှာဆိုနေကျဝိုင်းကျတော့ အဆင်ပြေတာပေါ့။

တစ်ဝိုင်းတည်းကို ရွေးခေါ်တာမျိုးလည်း မဟုတ်ဘူး။ အဆင်ပြေတဲ့ဝိုင်းနဲ့သွားတာပေါ့။ တီးဝိုင်းနဲ့ စကားပြောဖြစ်တဲ့အခါကျတော့လည်း
တီးဝိုင်းကနေ ကျွန်တော်တို့ကို ပြန်ချိတ်ပေးတယ်။ အဲဒီလိုပါပဲ" လို့ပြောပါတယ်။ ပွဲဆက်တွေလည်းများတဲ့ Rဇာနည်က မေလဆန်းထဲမှာ
လည်း ရက်ဆက်ဆိုသလို ပြည်တွင်းပွဲရော၊ ပြည်ပပွဲမှာပါ ဆက်တိုက်လို ဆက်နေပါတယ်။ အလုပ်များတဲ့ Rဇာနည်အတွက် မန်နေဂျာ
တစ်ယောက်လောက် မလိုဘူးလား ဆိုတော့ လောလောဆယ်တော့မလိုသေးပါဘူးလို့ပြောပြီးသူရဲ့ဇနီးဝမ်းကပဲတချို့ကိစ္စတွေကိုစီစဉ်
ပေးပါတယ် ဆိုတာလည်းသိရပါတယ်။ Rဇာနည်ရဲ့ အဆိပ်တက်အိပ်မက် ဗီစီဒီကိုလည်း ဒီမေလထဲမှာပဲ ထွက်ဖို့ရှိနေပြီး လတ်တလော
မှာတော့ ရှိုးပွဲတွေနဲ့ပဲ အလုပ်များနေတယ်ဆိုတာကိုလည်း သိရပါတယ်။

ရဲရဲ
By Popular Journal
Share this article :

Post a Comment

 
Support : အညာမြေအောင် | ရုပ်ရှင်နှင့်သတင်း | Ko Aung
Copyright © 2011. အညာမြေအောင် - All Rights Reserved
Published by အညာမြေအောင်
Proudly powered by Blogger