Latest Movie :

စပိန် နဲ့ အမေရိကား ၃ လကြာ သွားမယ့် အနဂ္ဂ နဲ့ သံသာဝင်း

အနဂ္ဂနှင့် သံသာဝင်းတို့ ဇနီးမောင် နှံသည် စပိန်နှင့် အမေရိကားကို ၃ လ ကြာ သွားရောက်မည်ဟု သံသာဝင်းက ပြောသည်။
အနဂ္ဂ၊ သံသာဝင်း တို့နှင့်အတူ မိခင်ဖြစ်သူ ဒေါ်နွဲ့ယဉ်ဝင်းလည်း မေလ ၁ ရက်နေ့ မှာ အတူ သွားမည်ဟု သိရသည်။”စပိန်
မှာက သံသာရဲ့ ညီမ အငယ် ဆုံးလေးက ရင်သွေးမွေးတယ်။ အဲဒါ သံသာတို့ ဘာသာအရ ပွဲလေး လုပ်တယ်။ အဲဒါကိုလည်း
သွားရင်းပေါ့။ ပြီးတော့ အမေရိကားကိုပါ ဆက်သွားကြမှာပါ။ ဒီကတချို့ အလုပ်လေးတွေတော့ ဖျက်ခဲ့ ရတာပေါ့။ ဒါပေမဲ့ ဟိုမှာ
သီချင်းတော့ ဆိုမှာ မဟုတ်ပါဘူး။ အပျော်ခရီး သက်သက်ပါပဲ” လို့ ၃ လကြာ ပြည်ပသို့ အလည် သွားရောက်မည့် သံသာဝင်းက
ပြောသည်။”ဒီ ၃ လအတွင်းမှာ တေးစီးရီး ကိစ္စတွေ လည်း ခေတ္တ နားထားပြီး ပြန် လာမယ့် အချိန်က ဇူလိုင်လ မိုးတွင်းဖြစ်
တာကြောင့် ပြန်လာမှပဲ စီးရီး ကိုအေးအေး ဆေးဆေး လတ်စသတ်တော့မယ်” ဟု သံသာဝင်းက ဆို သည်။

ရဲရဲ
By Popular Journal
Share this article :

Post a Comment

 
Support : အညာမြေအောင် | ရုပ်ရှင်နှင့်သတင်း | Ko Aung
Copyright © 2011. အညာမြေအောင် - All Rights Reserved
Published by အညာမြေအောင်
Proudly powered by Blogger