Latest Movie :

အနုပညာရှင်လူငယ်များ ရဲ့ နေ့စဉ်ထုတ်သတင်းစာများအပေါ်အမြင်

သူထူးစံ
“နေ့စဉ်ထုတ်သတင်းစာ တွေ ထွက်လာတာ တအား ကောင်းပါတယ်။ သတင်းတွေ ကိုချက်ချင်းသိရတယ်။ ပရိသတ်
တွေရော၊ပြည်သူလူ ထုတွေရော သတင်းအစုံအလင်ဖတ်ရတာ ပေါ့။အခုလိုနေ့စဉ်ထုတ် သတင်း စာကျတော့ အချိန်
မကုန်ဘဲ လွယ်လွယ်ကူကူနဲ့ သတင်းတွေ ချက်ချင်းသိနိုင်တဲ့အတွက်ပို အဆင်ပြေသွားမယ်လို့ထင်တယ် ”

ကျော်ကျော်ဗို
” သတင်းများများဖတ်ရ ရင် ပြည်သူလူထု အသိပညာ တို့၊ အကြား အမြင်ဗဟုသုတတို့ ကောင်းလာမယ်။ အကျိုးရှိ သော၊
အသိဥာဏ် ပွင့်လင်းစေ သော သတင်းမျိုး၊မှန် ကန်သော သတင်းမျိုးတော့ ဖြစ်ဖို့လိုတာ ပေါ့။ အစောင်တိုင်းဝယ်ဖတ် တာ
ထက်တွေ့လိုက်တာကို ဖတ် ဖြစ်ပါတယ်။ အကုန်လုံးကတော့ သူ့တင်ဆက်ပုံနဲ့ သူ ကောင်းနေ တာပါပဲ”

ဖြိုးငွေစိုး
” အခုလိုနေ့စဉ်ထုတ် သတင်း စာတွေ ထွက်လာတော့ သတင်းတွေကိုချက်ချင်း သိလာနိုင်တယ်။ ပြည်သူတွေအပေါ် မှာ
သတင်းစာတစ်စောင်ရဲ့ အကျိုးကျေးဇူးတွေက အများ ကြီးရှိတယ်။ သတင်းစာဆိုတာ မျိုးက လူကြားထဲမှာ ကျယ်ပြန့် ပြီး
ရောက်နိုင်တယ်။သတင်းစာ ကို ပိုပြီးကျယ်ပြန့်စေချင်တယ်”

ဟိန်းဝေယံ
” အခုလို နေ့စဉ်ထုတ် သတင်းစာတွေထွက်လာတာ တအားကောင်းပါတယ်။ ဒီလို ထွက်လာတဲ့အတွက် ပြည်သူ တွေအတွက်လည်း
အကျိုးရှိ နိုင်သလို တိုင်းပြည်အတွက် လည်း အကျိုးရှိလာနိုင်တယ်။ နေ့စဉ်ထုတ်သတင်း စာတွေ ထွက်လာတော့ ကိုယ်မသိတဲ့
သတင်းတွေ၊ ပေါ်ပြူလာသတင်း တွေကိုချက်ချင်းသိရတယ်။ အရင် ကထက်စာရင်တော့သတင်းတွေ ကိုအလျင်အမြန်သိရတဲ့
အတွက် တအားကောင်းပါတယ်”

ရသ

” ပုဂ္ဂလိကသတင်းစာတွေ မှာ အရင်ကလိုမျိုးအစိုးရမူဝါဒ မပါတဲ့ ပုံစံမျိုးတွေ၊ အရပ်ဘက် ပုဂ္ဂလိက လွတ်လပ်တဲ့အမြင် တွေလည်း
ပိုပြီးတော့ မြင်ရလာ နိုင်တယ်။သတင်းတွေကို အရင် ကလို အမှောင်ချထားတာမျိုး၊ နည်းနည်းမှိန်ထားတာမျိုးထက် အရှိ ကိုအရှိ
ှိအတိုင်းတင်ပြတဲ့သတင်း ပုံစံမျိုးတွေလည်းပိုပြီးတော့ သီး ခြားပေါ်ထွက်လာလိမ့်မယ်”

နန်းဆုရတီစိုး
” အပတ်စဉ်ထုတ်က နေပြီး နေ့စဉ်သတင်းစာတွေ ထုတ်လာပြီဆိုတာက ဂုဏ်ယူ စရာပါပဲ။ ပြည်သူတွေအတွက် ကတော့ နေ့စဉ်
 သတင်း စုံလင် စွာဖတ်နိုင်တယ်။ နန်းစုကတော့ ကြေးမုံနဲ့ မြန်မာ့အလင်းကို တော့နေ့စဉ်ဖတ်တယ်။ နေ့စဉ် ထုတ်သတင်းစာတွေကို
ဈေးနှုန်း သက်သက် သာသာနဲ့ဆိုရင် ပြည်သူတွေလည်းများ များဖတ် နိုင်တယ်။နောက်ပိုင်း ကြော်ငြာ တွေများများရ လာပြီးတော့
သတင်းစာကို ပြည်သူတွေ ကြားထဲမှာအခမဲ့ပေးနိုင်တယ် ဆိုရင်တော့အကောင်းဆုံးပါပဲ”

စန္ဒီမြင့်လွင်
” အခုထွက်တဲ့ နေ့စဉ် ထုတ် သတင်းစာတွေကို ဖတ် ဖြစ်ပါတယ်။ ဒီလိုနေ့စဉ်ထုတ် သတင်းစာတွေ ထွက်လာ တော့ သတင်းတွေကို
ချက်ချင်းသိနိုင်တယ်။အရင်ကဆိုရင် ဂျာနယ်ကျော် မမလေး ဝတ္ထုတွေ ထွက်ရင်၊ သတင်းစာလုပ်ရတဲ့အ ကြောင်းအရာကိုဖတ်ရင်
တအား စိတ်ဝင်စားဖို့ကောင်းတယ်။ အဲဒီတုန်းကဆိုရင် အဲဒီလိုမျိုး ညီမတို့ဆီမှာမရှိသေးပါလား ဆိုပြီးတွေးမိသေးတယ်။ ဒါပေမဲ့
အဲဒီလိုမျိုးလေးရှိလာတော့ ကောင်းပါတယ်။ အခု ဆိုရင် ပုဂ္ဂလိ က သတင်း စာ လည်းဖြစ်တော့ ပွင့်ပွင့်လင်း လင်း တင်ပြလို့ရတယ်။
ကိုယ့်နိုင်ငံကြီးတိုးတက်လာတာပေါ့”

ပေါ်ပြူလာအဖွဲ့
Share this article :

Post a Comment

 
Support : အညာမြေအောင် | ရုပ်ရှင်နှင့်သတင်း | Ko Aung
Copyright © 2011. အညာမြေအောင် - All Rights Reserved
Published by အညာမြေအောင်
Proudly powered by Blogger