Latest Movie :

ပြိုင်ပွဲတွေမှာ အချင်းချင်း ပုတ်ခတ်ပြောတာ ခံရဖူးတယ်ဆိုတဲ့ ပိုးအိဖြူစင်

Miss ပြိုင်ပွဲ တော်တော် များများမှာ ဝင်ရောက် ယှဉ်ပြိုင် ခဲ့ပြီး၊ တော်တော် များများ ပြိုင်ပွဲ တွေမှာလည်ွးှTitle ဆုတွေ
ရရှိထားတဲ့ ပိုးအိဖြူစင်နဲ့ တွေ့ဆုံခိုက် သိလိုသမျှ မေးကြည့် ရာ .. ပိုးအိ အခုလတ်တလော အနုပညာ လှုပ်ရှားမှုက
မဂ္ဂဇင်း၊ ဂျာနယ်တွေ အတွက် ဓာတ်ပုံရိုကပေး ဖြစ်တယ်။ အခု နောက်ပိုင်း ပြိုင်ပွဲတွေ ဝင်မပြိုင် ဖြစ်တော့ ဘူးဆိုတာ က
ပြိုင်ပွဲတွေ နည်းသွား တာလည်း ပါတယ်။ ပြီးတော့ မနှစ်က ပြိုင် ထားတော့ ထပ်ပြိုင်လို့ မရတဲ့ ပွဲတွေ လည်း ရှိလို့ပါ။
နောက်နှစ် Miss Myanmar တော့ပြိုင်ဖို့ ရှိတယ်။ အဲဒီ အတွက် အများကြီး ပြင်ဆင်ဖို့ လိုတယ်။ International လှမ်း
မယ်ဆိုတော့ အင်္ဂလိပ်နဲ့ talent ကောင်းဖို့ အတွက် အခုကတည်းက ကြိုးစား နေပါတယ်။ ပိုးအိရဲ့ ခန္ဓာ ကိုယ်က နည်းနည်း
ပြည့်တဲ့ အထဲ မှာပါတယ်။ သွယ်တဲ့ အထဲမှာ မပါ ဘူး။ ကိုယ့်ခန္ဓာကို စိတ်တိုင်း ကျရဲ့ လားဆိုတော့ ကျပါတယ်။ ဒါပေမဲ့
အရမ်း စိတ်တိုင်းတော့ မကျဘူး။ ပြိုင်ပွဲတွေ ပြိုင်တော့ အချင်းချင်း ခံရဖူးပါတယ်။ Miss Tourism ပြိုင်တုန်း ကပါ။ ဒါပေမဲ့
ပိုးအိက စိတ်ထဲ မထားပါဘူး။ ကိုယ်ရှေ့ လျှောက်ရမယ့် အလုပ်ကိုပဲ လုပ် သွားမှာပါ။ ပိုးအိက ဘယ်အသက် အရွယ်ထိ
ပြိုင်ပွဲဝင်မယ်လို့တော့ မဟုတ်ပါဘူး။ အဓိကက သရုပ်ဆောင် ဖြစ်ချင်တာပါ။ ပြိုင်ပွဲမှာဆု ရရင် ကိုယ့်ကိုပိုသိ မယ်ဆိုပြီး
ဝင်ပြိုင် တာပါ။

By 8Days A Week Journal
Share this article :

Post a Comment

 
Support : အညာမြေအောင် | ရုပ်ရှင်နှင့်သတင်း | Ko Aung
Copyright © 2011. အညာမြေအောင် - All Rights Reserved
Published by အညာမြေအောင်
Proudly powered by Blogger