Latest Movie :

သမီး ၇ လပြည့် မွေးနေ့ အလှူအဖြစ် ဘုန်းကြီး ကျောင်းမှာ ဆွမ်းကပ် ခဲ့တဲ့ မိုးပြည့်ပြည့်မောင်

သရုပ်ဆောင် မိုးပြည့်ပြည့် မောင်ရဲ့ သမီးလေး Key Key  ၇လ ပြည့်မွေးနေ့ကို တော့ ဧပြီ ၃ဝ ရက် နေ့မှာ မှော်ဘီမြို့
မှာရှိတဲ့ အောင် ဇမ္ဗူတောရေ ကျာင်း၊ ပုလဲမြို့သစ်မှာ ရှိတဲ့ ဘုန်းကြီးကျောင်းမှာ အာရုံ ဆွမ်းနဲ့ ဝတ္ထုငွေများ ကပ်လှူပူ
ဇော်ခဲ့ပါတယ်။ သမီးလေး Key Key  မွေးနေ့တိုင်းကို အမြဲ တမ်း ဆွမ်းကပ်ဖြစ်ကြောင်းကို မိခင်ဖြစ်သူ မိုးပြည့်ပြည့်မောင်က..
“အခု သူက ၇ လပြည့်တဲ့အချိန်မှာ တအားကိုသွက်လာတယ်။သူကတအား သွက် တော့ အစ်မ ပိုပိုပြီးချစ်လာတယ်။ သမီး
လေးအိပ်ရင် အစ်မ က သူ့ကို သီချင်းဆိုပြီး ချော့သိပ်ရင် သူပါလိုက်ဆိုတယ်။ သီချင်း သံကြားရင် လည်း ကတတ်နေပြီ။
အစ်မသွေးဆိုတော့ အနုပညာပိုး နည်းနည်းတော့ပါ မယ်ထင်တယ်” လို့ပြောပါတယ်။ အနုပညာ အလုပ်နဲ့ အမြဲတမ်း
ခရီးသွားနေရတဲ့အတွက် သမီးလေးကို အိမ်မှာ အဒေါ်အပျိုကြီးနဲ့ပဲ အမြဲတမ်းထားခဲ့ရကြောင်း မိုးပြည့်ပြည့် မောင်က
ပြောပါတယ်။ ဇာတ်ကား ရိုက်ကူးမှုတွေကျဲနေတဲ့ အတွက် နယ်တွေမှာ သီချင်းဆိုဖြစ်နေပြီး အငြိမ့်ပါကဖြစ် နေကြောင်း
ပြောတဲ့ မိုးပြည့် ပြည့်မောင်က မေလ ၃ ရက် နေ့ မှာတော့ မန္တလေးအထက်ပိုင်းတွေမှာ သီချင်းသွား ဆိုဖို့ရှိကြောင်းပြော
ပါတယ်။ “ဇာတ်ကားရိုက်ကူးမှုတွေကု လတ်ချိုး ရေလို့ တောင်ရ တယ်။ ကား ရိုက်က လည်း နည်း နည်း ရှား နေတဲ့ ရာသီ
ဖြစ်နေတယ်။ ဇာတ် ကားလည်း သိပ် မရိုက် ရဘူး။ အခုအချိန် က ပွဲထွက် ရတဲ့ အချိန် ဆိုတော့ အတော် ပဲ ဖြစ်နေတယ်။
ဒါပေမဲ့ ကားရိုက်ရှိရင်တော့ ကားရိုက်ကိုပဲ ဦးစားပေးဖြစ် တယ်” လို့ မိုးပြည့်ပြည့်မောင်က ပြောပါတယ်။ သီချင်းသွားဆိုတဲ့
အခါ မှာ ပရိသတ်တွေ တအားအားပေးကြတဲ့အတွက် ကျေနပ် အားရဖြစ်မိကြောင်းပြော ပါတယ်။

တွယ်တာ
By Popular Myanmar
Share this article :

Post a Comment

 
Support : အညာမြေအောင် | ရုပ်ရှင်နှင့်သတင်း | Ko Aung
Copyright © 2011. အညာမြေအောင် - All Rights Reserved
Published by အညာမြေအောင်
Proudly powered by Blogger