Latest Movie :

ဆယ်ကျော်သက် အရွယ် ဇာတ်ရုပ်နဲ့ ယွန်းယွန်း

“ကျွန်မက နှင်းဆီပါမောင်” ဇာတ်ကားမှာ ဖွေးဖွေးရဲ့ ငယ်ဘဝ နေရာကနေ ဟဲဗီးဖြိုးနဲ့ အပြိုင် သရုပ်ဆောင်နေတဲ့
သရုပ်ဆောင် ယွန်းယွန်းကို ဒီကားက ရုပ်ရှင်ကားကြီး ဖြစ်တာကြောင့် ဘယ်လို ပြင်ဆင်မှုတွေ လုပ်ရလဲ လို့ မေးကြည့်တော့ ...
“ဒီကားက တခြား ကားတွေ ထက်စာရင် ပြင်ဆင်မှု အများကြီး လုပ်ရတဲ့ ကားပါ။ ပထမဦးဆုံး ပြင်ဆင်ရတာတော့ မဖွေးဖွေး
အိမ်မှာ ဒါရိုက်တာဝိုင်း ရယ် သွားပြီးတော့ မိတ်ကပ်နဲ့ ဆံပင်ကို စဉ်းစား ရပါတယ်။ သုံးယောက် စလုံး ပေါင်းပြီးတော့
စဉ်းစားကြတယ်။ မျက်လုံး အကြည့် တို့ နှုတ်ခမ်း အပြော အဆိုကို မဖွေးဖွေး အိမ်မှာ နှစ်ရက် သုံးရက်လောက် သွားပြီး
 ဇာတ် တိုက်ကြတယ်။ ဒီဇိုင်နာ ဆိုလည်း မဖွေးဖွေး ဒီဇိုင်နာ ဆီမှာပဲ အပ်လိုက် တယ်။ ပိတ်စက အစ ပုံစံတူတော့
ပရိသတ်လည်း Mood ပိုဝင်တာပေါ့။ သမီးက မဖွေးဖွေး အငယ်ခန်းက သရုပ်ဆောင် ထားတာ ဆိုတော့ အားလုံး ထပ်တူကျနိုင်
အောင် ပြင်ဆင်ထားခဲ့တာပါ” လို့ ပြော ပါ တယ်။

သူက အရင် ကလေး သရုပ်ဆောင် အခန်းတွေ မှာပါဝင် သရုပ်ဆောင်ပြီး အခုနောက်ပိုင်းမှာ ဆယ်ကျော်သက် အရွယ်ဖြစ်တဲ့
၁၅၊ ၁၆နှစ် အရွယ်တွေ စတင် ရိုက်လာပြီ လို့ပြောပါတယ်။ သူက အနုပညာ နဲ့ ပတ်သက်ရင် ဝါသနာ ပါပြီး အသက် ကြီးလာရင်
မင်းသမီး ပဲဖြစ်ဖြစ်၊ ဒါရိုက်တာ၊ ထုတ်လုပ် သူပဲဖြစ်ဖြစ် အနုပညာ လုပ်ငန်းနဲ့ ပတ်သက်တာကိုပဲ လုပ်ဖို့ ရည်ရွယ်ထား တယ်လို့
ယွန်းယွန်းက ပြောပါတယ်။

By Popular Myanmar
Share this article :

Post a Comment

 
Support : အညာမြေအောင် | ရုပ်ရှင်နှင့်သတင်း | Ko Aung
Copyright © 2011. အညာမြေအောင် - All Rights Reserved
Published by အညာမြေအောင်
Proudly powered by Blogger