Latest Movie :

ကိုယ်လုပ်တဲ့ အလုပ်ကို အကောင်းဆုံး စေတနာထားပြီး လုပ်တယ်ဆိုတဲ့ အောင်ရဲလင်း

ကိုယ်လုပ်တဲ့ အလုပ်ကို အကောင်းဆုံး စေတနာထားပြီး လုပ်တယ်ဆိုတဲ့ အောင်ရဲလင်းလတ်တလော အနုပညာလှုပ် ရှားမှုက ကျွန်တော် ဦးညီညီအောင်နဲ့ ဗီဒီယို တစ်ကား ရိုက်နေတယ်။

ဖန်စီ ဇာတ်ကားတွေ ကျတော့လည်း လူငယ် စတိုင်ပေါ့။ ဒရာမာ ဇာတ် တွေကျ ရင်တော့ ဇာတ်ကို ဦးစား ပေးရ တာပေါ့။ အဓိက ကတော့ ကိုယ်လုပ်တဲ့ အလုပ်ပေါ်မှာ အ ကောင်းဆုံး စေတနာ ထားပြီးတော့ ပဲလုပ် ပါတယ်။ ဘာပဲဖြစ်ဖြစ် အ ဆင်ပြေပါတယ်။

ကိုအောင်ရဲလင်း က ဇာတ်ကားတွေ ရိုက်ရင် ကာ ရိုက်တာ ရွေးတဲ့ လူလားဆိုတော့ နောက်ပိုင်း တော့ ဇာတ်လမ်းလေး တွေကို ပိုပြီးတော့ ရွေးဖြစ်ပါတယ်။ အခန်း မျိုးတွေ၊ ထပ်နေတဲ့ ဇာတ်မျိုး ဆိုရင်တော့ မရိုက်ပါဘူး။ ဆန်း တဲ့ ဇာတ်မျိုး ဆိုရင် တော့ ပြန်ရိုက် တာပေါ့။

 ဖိုက်တင်က ကျွန်တော် အရင် ကတည်းက တိုက်ကွမ်ဒို ဆော့ဖူးတယ်။ Boxing လည်းထိုး ဖူးတယ်။ မြန်မာ့လက်ဝှေ့ လည်း ကစား ဖူးတယ်။ အဲဒီတော့ ဖိုက်တင် တွေရိုက် ရတာလည်း အဆင်ပြေ ပါတယ်။ ဒရာမာ ဇာတ်ကား တွေ ပေါက်တာနဲ့ ဟာသ ကားတွေ ပေါက်တာ ဘာတွေ ကွာလဲဆိုရင် စိတ်ခံစားမှုက တစ်ခုနဲ့ တစ်ခုတော့ မတူဘူး ပေါ့ဗျာ။

တစ်လိုင်းတည်း သွားတာ နဲ့စာရင် လိုင်းပေါင်းစုံ ပေါင်းပြီး သွားတာကိုက ပိုပြီးတော့ အားရ ကျေနပ်ပါတယ်။ 

 By 8 Days
Share this article :

Post a Comment

 
Support : အညာမြေအောင် | ရုပ်ရှင်နှင့်သတင်း | Ko Aung
Copyright © 2011. အညာမြေအောင် - All Rights Reserved
Published by အညာမြေအောင်
Proudly powered by Blogger