Latest Movie :

ဇာတ်ပို့ ဇာတ်ရံတွေကိုလည်း အားပေးစေချင်တယ်ဆိုတဲ့ ယွန်းရွှေရည်

ဇာတ်ပို့ ဇာတ်ရံတွေကိုလည်း အားပေးစေချင်တယ်ဆိုတဲ့ ယွန်းရွှေရည်ဆံပင်အတိုလေးနဲ့ တစ်မျိုး ဆန်းနေတဲ့ သရုပ်ဆောင် ယွန်းရွှေ ရည်ကို တွေ့ဆုံတဲ့ အခိုက်ယွန်းရွှေ ရည်က ဆံပင်ကို ပထမ အတိုညှပ် လိုက်တယ်။ အဲဒါ နည်းနည်း ရှည် နေတယ်ထင် သေးလို့ နောက်တစ် ခေါက်ညှပ် လိုက်တာ။ ဆံပင်ရှည် ကြီးပဲ အမြဲဖြစ်နေလို့ ပုံလေးလည်း ပြောင်း သွားအောင် အမြင်ဆန်း သွားအောင် ညှပ်ဖြစ် ခဲ့တာပါ။

မေ လ ၂၄ ရက်နေ့က ပြင်ဦး လွင်ကနေ ပြန်ရောက်ပြီး 'ဘေဘီပွစီ'ဇတ် ကားမှာ ပထမဦးဆုံး ပြန်ရိုက်တာ ပါ။ ဒီအနုပညာ အလုပ်ကို ငယ်ငယ် ကတည်းက အရမ်းစွဲ လမ်းပြီး အရမ်း နှစ်သက်ခဲ့ ရတာမို့လို့ ကိုယ်လုပ်နေ တဲ့အလုပ်ကို ရှေ့ဆက်ပြီး အောင်မြင်အောင် ကြိုးစား သွားမှာပါ။ ပရိသတ် တွေရဲ့ အားပေးမှုနဲ့ တန်အောင် အနုပညာနဲ့ ပြန်ပေး ဆပ်သွား မယ်လို့ ဆုံးဖြတ်ထားတယ်။ အခု ယွန်းရွှေရည် ရောက်နေတဲ့ နေ ရာကိုလည်း ကျေနပ် တယ်လို့ ပြော ရမှာပါ။ ဒီထက်ပိုပြီး နေရာရလာ အောင် ကိုယ့်ဘက်က ပိုပြီးသူများ ထက် ကြိုးစား ရမှာပါ။

အလုပ်အ ပေါ်မှာ အခုနောက်ပိုင်းပိုပြီး ဂရု တစိုက်နဲ့ လုပ်တတ် လာတယ်။ တန် ဖိုးထား တတ်လာတယ်။ ဒီအနုပညာ အလုပ်က ကိုယ်လုပ်ရင် လုပ်နိုင် သလို ကိုယ့်အတွက် ပိုပြီး အကျိုး ရှိတယ်။ ဒီအလုပ်က အလုပ်များ လာလေပိုပြီး လုပ်ရလေ ကိုယ့်အ တွက်ပိုခက်ခဲလေးပဲ။ အသေးစိတ် သိလာလေလုပ်ရတာခက်ခဲလေပါပဲ။ တော်ရုံတန်ရုံ ဘယ်လိုမှ လုပ်လို့ မရတဲ့ အလုပ်ပါ။ ဗဟုသုတတွေက တော့ အများကြီးပါပဲ။ အပြင်မှာရှိ တဲ့ ကာရိုက်တာတွေ ရိုက်တာလည်း ရှိသလို အပြင်မှာ မရှိတဲ့ ကာရိုက် တာတွေ ရိုက်တဲ့အခါ အသိအမြင် တစ်ခုတော့ ရတာပေါ့။

ပရိသတ် အနေနဲ့ ကတော့ ဗီဒီယိုတစ်ကား ဆိုရင် တီဗွီဖန်သားပြင်မှာ ကြည့် ရတာ နှစ်နာရီလောက်ပဲ ကြာတယ်။ ရုပ်ရှင်ဆိုရင်တော့ သုံး နာရီ လောက်ကြည့်ရတယ်ဆိုတော့ ခဏ လေးလိုပဲမြင်ရတယ်။ တကယ်တော့ နှစ်နဲ့ချီပြီး ကြာအောင် ရိုက်ထားတဲ့ ကားတွေလည်းပါတယ်။ ဗီဒီယို ကားတစ်ကားကို ဆယ်ရက် လောက် ရိုက်ရတယ် ဆိုပေမယ့် အဲ ဒီဆယ်ရက် အတွင်းမှာ အဝတ်အ စားတွေ၊ မိတ်ကပ်တွေအပြင်အ ဆင်တွေ၊ ဇာတ်ကောင်စရိုက်တွေ ပြင်ဆင်ရတယ်။ တချို့ကပေါ့ပေါ့း ပါးပါးပဲထင်ပေမယ့် နောက်ကွယ် မှာ ခက်ခဲတဲ့ အရာတွေ အများကြီး ရှိပါတယ်။ အဲဒါကြောင့် ဇာတ်ပို့ ဇာတ်ရံတွေ ကိုလည်း အားပေးစေ ချင်ပါတယ်။

By 8 Days  
Share this article :

Post a Comment

Pages (19)1234567 Next
 
Support : အညာမြေအောင် | ရုပ်ရှင်နှင့်သတင်း | Ko Aung
Copyright © 2011. အညာမြေအောင် - All Rights Reserved
Published by အညာမြေအောင်
Proudly powered by Blogger