Latest Movie :

ခန့်စည်သူပြောတဲ့ ခိုင်သင်းကြည်အကြောင်း

ခန့်စည်သူက ခိုင်သင်းကြည်နဲ့ ‘ကျောင်းထိုင်ကျောက်တိုင်နှင့် သီလ ရှင်လူထွက်မကျဉ်းတန်’ ဆိုတဲ့ ဇာတ် ကားကို ရိုက်ကူးနေပါတယ်။ ဒီဇာတ် ကားမှာ ကျောင်းဆရာခန့်စည်သူနဲ့ ၁၃နှစ်ကတည်းက သီလရှင်ဝတ်သွားတဲ့ ခိုင်သင်းကြည်တို့ရဲ့ဟာသ ဇာတ်လမ်းလေးဖြစ်ပါတယ်။ ကျောင်း ဆရာလူပျိုကြီး ပုံစံဇာတ်ရုပ်နဲ့ ခန့်စည်သူက “ခိုင်သင်းကြည်က သီလရှင် အပြီးဝတ်သွားတာ အမေ က ထွက်ခိုင်းလို့ အသက် ၃ဝကျော်လောက် မှ ပြန်ထွက်လာ တော့ သီလရှင်စကားတွေပဲပြော၊ အလွဲလွဲတွေနဲ့ ဟာသကားလေးပေါ့။ နောက် ခိုင်သင်းကြည်အဖေကခရိုနီပုံစံ ၊သင်္ချိုင်းမြေတော င်ရောင်းစားတာ၊ နောက် ရွာမှာကဖုန်းဖောက်ပေးရင် ဒီအိမ်ကပဲအကုန်ပေါက်တာမျိုးပေါ့။ကိုယ် ကကျတော့ ကျောင်းဘုန်းေ တ်ာကြီး သင်ပညာေ ရးကျောင်းက ကျောင်း ဆရာတစ်ယောက်ပေါ့။ ဒီကားက ဟာသကားကိုခေတ်ကို သရော် တဲ့ စကားလုံးလေးတွေ ထည့် ထားတဲ့ပုံစံမျိုးပေါ့။ဟာသ ကားဆိုတော့ရယ်ရမှာပေါ့။ပရိသတ်ရဲ့ အဆုံးအဖြတ်ပါပဲ။ နောက်ခိုင်သင်း ကြည်က သီလရှင်ဆိုတော့ ခေါင်းတုံး ကို စီလီကွန်လုပ်ရတော့ အဲဒီအ ချိန်မှာ အကြာကြီးသေချာလုပ်ရတယ်။ အမှတ် တရကတော့ ခိုင်သင်းကြည်ကို သီလ ရှင်အပြီး ဝတ်လိုက်ပါလားလို့ ပြော နေကြတာပဲ။ သူဝတ်ရင် ပစ္စည်းလေး ပါးဒါယကာခံမယ်လို့ ပြောနေတာ” လို့ပြောပြပါတယ်။

မေမွန်မောင် - Popular Journal
Share this article :

Post a Comment

 
Support : အညာမြေအောင် | ရုပ်ရှင်နှင့်သတင်း | Ko Aung
Copyright © 2011. အညာမြေအောင် - All Rights Reserved
Published by အညာမြေအောင်
Proudly powered by Blogger