Latest Movie :

Miss International အတွက် ပြင်ဆင်နေတဲ့ မန္တလေးသူ ဂုဏ်ရည်အေးကျော်

နိုင်ငံခြားချန်နယ်တွေနဲ့ အစီစဉ်တချို့ရိုက်ကူးထားပြီး ပွဲတွေမှာအစီစဉ်တင်ဆက်သု အဖြစ
လုပ်ဖြစ်နေတဲ့ မန္တလေးသူ  Miss Myanmar ဆုရှင် ဂုဏ်ရည်အေးကျော်က လတ်တ လောမှာ
ထိုင်းသံရုံးကလုပ်တဲ့ ကိုရီးယားနဲ့မြန်မာလူမျိုး မင်္ဂလာဆောင်တဲ့ ပွဲမှာ အင်္ဂလိပ် စကားပြော
အစီစဉ်တင် ဆက်သူ အဖြစ် လုပ်ဖို့ရှိတယ်လို့ ပြောပြီး ရှိုးေ လျှာက်ဖို့ တော့မရှိသေးဘူး
လို့ပြောပါတယ်။အခုလထဲမှာ ချမ်းမြသုခလူမှု ကူညီရေးအသင်းကပေးတဲ့အသင်းဝင်
ထူးချွန်ဆုကိုလည်း ယူဖို့ရှိတယ်လို့ ပြောပါတယ်။

လတ်တလောမှာ Miss International အတွက် လိုအပ်တဲ့လေ့ကျင့်မှုတွေကိုစတင်လုပ်ဆောင
နေတာကို ” ဒီတစ်နှစ်အတွင်းတော့ Miss International ကိုပဲအာရုံစိုက်ပြီး လုပ်သွားမယ်။
ဆရာမတင်မိုးလွင်ဆီမှာ အနေအထိုင်၊အပြောအဆို Miss တစ်ယောက်ရဲ့ပြောဆိုပြုမူနေထိုင်ပုံ
တွေကိုသင်တန်းစ ပေးနေပြီ။

 နောက်ထပ် အင်္ဂလိပ် စာသင်တန်းထပ်တက်မယ်။ Body Training လည်း စလုပ်နေပြီ။ နည်းနည်း

ချင်းစီ တော်တော်များများလုပ်နေ ပါပြီ။ ဒီတစ်နှစ်တော့ ဒီပွဲ အတွက်ပဲ အာရုံစိုက်သွားမှာပါ။ ဒီပွဲပြီး

သွားလို့ ပြန်လာရင်တော့ အနုပညာအလုပ်တွေကို ကိုယ်စွမ်းဥာဏ်စွမ်းရှိ သလောက် လုပ်ဆောင်သွား

မှာပါ။ ဒီပွဲမှာ Miss Internet ဆုအတွက်  မြန်မာနိုင်ငံကပရိသတ်ကြီး ကို ယုံကြည်ပြီးသားပါ။ ဒီနှစ်မှာ
မနှစ်ကထက်အချိန်ပိုရတော့ အခြားဆုတစ်ခုခု ထပ်ရအောင် ဂုဏ်ရည်ကြိုးစားနေပါတယ်” လို့ ပြော

ပါတယ်။ ဂုဏ်ရည်အေးကျော်ကမန္တလေးသူတစ်ယောက် ဖြစ်လို့အနုပညာလုပ်ငန်း တွေလုပ်ကိုင်ဖို့
ရန်ကုန်မှာ သွားနေရတာကြောင့်အခက်အခဲနည်းနည်း ရှိတယ်လို့ ဆိုပါတယ်။ ” အဓိကကတော့
ကိုယ့်မိသားစုနဲ့ ၊ကိုယ့်မြို့နဲ့ ခွဲနေနေရတာပါပဲ။ကိုယ့်မြို့မှာ ဆိုဘယ်သွားသွားယုံကြည်မှု ပိုရှိတယ်။

တစ်ယောက်တည်းသွားရလည်း အဆင်ပြေတယ်။

အခုရန်ကုန်မှာဆိုရင်တစ်ယောက်တည်းသွားရရင် အားငယ်တယ်။မန္တလေးမှာကျတော့ဘယ်သွား
သွား ကိုယ့်ကို ကူညီမယ့်သူတွေ ကိုယ်ကို သိနေတဲ့ လူတွေရှိတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပိုရှိ
တယ်။ရန်ကုန်မှာကျတော့ ကိုယ့် ကိုယ်ကိုယ်ယုံကြည်မှုမရှိ သလိုပဲ။တစ်ယောက်တည်းလို့ခံစားနေရ
တာကြီးကိုမကြိုက်တာပါ” လို့ ပြောပါတယ်။ မန္တလေးသူမန္တလေးသားတွေအစွဲကြီးတယ်လို့တခြား
လူတွေ ပြောတာကို လက်ခံပြီး သူကိုယ်တိုင်လည်း မန္တလေးကိုချစ်တယ်လို့” ဂုဏ်ရည်အေးကျော်
ကဆိုပါ တယ်။

By Popular Myanmar


Share this article :

Post a Comment

 
Support : အညာမြေအောင် | ရုပ်ရှင်နှင့်သတင်း | Ko Aung
Copyright © 2011. အညာမြေအောင် - All Rights Reserved
Published by အညာမြေအောင်
Proudly powered by Blogger