Latest Movie :

ဇွန်လမှာ ရိုက်ကူးရေး ပြန်စတော့မယ့် မေ၁၂ရက် မွေးနေ့ရှင် ဟိန်းဝေယံ

မေ ၁၂ရက်နေ့ မွေးနေ့ရှင် ဟိန်းဝေယံ က “မွေးနေ့မှာ ဘာလုပ်မယ် ဆိုတာ မဆုံးဖြတ်ရသေးဘူး။
ဒါပေမဲ့ သေချာတာ တစ်ခု ကတော့ မွေးနေ့မှာ အလှူအတန်း လုပ်ဖြစ်မယ်။ မနှစ်က မွေးနေ့မှာ
ဇာတ်ကားရိုက် ကူး နေ ရင်းနဲ့ ပြင်ဦးလွင်မှာ ရှိတဲ့ မျက်မမြင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းမှာ
သွားလှူဖြစ်ခဲ့တယ်။ ကိုယ့်မွေးနေ့မှာ အတတ်နိုင်ဆုံး အလှူအတန်းလေးတွေ လုပ်ချင်တယ်။
မွေးနေ့မှာ ဘုရားတော့သွား ဖြစ်မယ်” လို့ပြောတဲ့ ဟိန်းဝေယံ က အသက်၂၄နှစ်ပြည့် တော့မှာ
ဖြစ်တဲ့ အတွက် တစ်နှစ်ထက် တစ်နှစ် အသက် ပိုကြီးလာပြီး ထိုက်သင့်တဲ့ အတွေ့ အကြုံလည်း
ရလာကြောင်း ပြောပါတယ်။

ဇာတ်ကား ရိုက်ကူးမှုတွေ ကိုတော့ ၆လပိုင်းမှာ ဆက်တိုက် ပြန်လည်ရိုက်ကူးသွားတော့မှာ
ဖြစ်တယ်လို့ ဟိန်းဝေယံ ကပြောပါတယ်။ “ဒီကြားထဲမှာ ရှုတင် ခဏနားထားတယ်။ နား ထားတယ်
်ဆိုတာက ပင်ပန်းလို့ နားချင် တာလည်းပါတယ်။ ရာသီဥတုက တအားပူတော့ အိမ်မှာပဲ
အေးအေးဆေးဆေး နားချင်တာနဲ့ နားဖြစ် သွားတာ။ အခု ကျွန်တော် ၆လ ပိုင်းမှာ ဇာတ်ကား
ပြန်ရိုက်ရင် ကျွန်တော်တို့ ထုတ်လုပ်ရေး နဲ့ပဲရိုက်မှာ။ ဒါပေမဲ့ မာန်ထက်ချီ ထုတ်လုပ်ရေးနဲ့တော့
မဟုတ်ဘူး။ တခြား နာမည် တစ်ခုနဲ့ ရိုက်သွားမှာ။ မော်လမြိုင်မှာ သွားရိုက် ဖို့များတယ်”
လို့ဟိန်းဝေယံ ကပြောပါတယ်။

တွယ်တာ၊
By Popular Myanmar
Share this article :

Post a Comment

 
Support : အညာမြေအောင် | ရုပ်ရှင်နှင့်သတင်း | Ko Aung
Copyright © 2011. အညာမြေအောင် - All Rights Reserved
Published by အညာမြေအောင်
Proudly powered by Blogger