ကျော်ကျော်ဗိုက ရုပ်ရှင် ဇာတ်ကားရိုက်ကူးရေးမှာ လိုအပ်တဲ့ စက်ပစ္စည်းတွေကို ငှားရမ်းနိုင်ဖို့ အတွက် CE Digital Warehouse ကုမ္ပဏီကို ဖွင့်လှစ်ထားခဲ့ပြီး နောက် ထပ် မံပြီး ဒီကုမ္ပဏီကပဲရုပ်ရှင်ထုတ် လုပ်ရေးအနေနဲ့ဇာတ်ကားတွေ ရိုက်ကူးသွားမယ်လို့ ပြောပြပါ တယ်။ဇာတ်ကားတွေ ထုတ်လုပ် ရိုက်ကူးမှုနဲ့ ပတ်သက်ပြီး…
“ကိုကြံ့တို့က အနုပညာ လောကထဲမှာ ပရိသတ်ကို ဖျော်ဖြေနေကြတဲ့ အနုပညာ သမားတွေပါ။ ကိုယ့်ရဲ့ သရုပ် ဆောင်မှု၊ ကျွမ်းကျင်ရာ လိမ္မာ ရာကြိုးပမ်းမှုကို နိုင်ငံတကာနဲ့ ရင်ပေါင်မတန်းနိုင်ရင်တောင် အမီ လိုက်နိုင်အောင်လို့ နည်း ပညာ၊ စက်ပစ္စည်းအကူအညီ လိုတယ်။ အဲဒါကြောင့် ကိုယ်နိုင်တဲ့ဝန်လေးနဲ့ CE Digital Warehouse ဆိုပြီး မိတ်ဆွေ တွေနဲ့ ပူးပေါင်းတည်ထောင်ခဲ့တာ။ ရုပ်ရှင်လောကကို တစ်ထောင့်တစ်နေရာက အုတ်တစ်ချပ်၊သဲတစ်ပွင့်တိုးတက်အောင် ဖန်တီးတာပါ။ ဒီကစက်တွေနဲ့ “ကျွန်မက နှင်းဆီပါ မောင်” ဇာတ်ကားကို နေတိုး၊ ဖွေးဖွေးတို့နဲ့ ဒါရိုက်တာဝိုင်းရိုက်တာ ပွဲဦးထွက်ပါပဲ။ ကြော်ငြာလေးတွေ လက်ခံထားတာရှိတယ်။ ဇော်ကိုကိုတို့၊ စမိုင်းတို့လည်း ယူရိုက်ဖို့ရှိတယ်။ နောက် CE Digital Warehouse ကနေ ရုပ်ရှင်ဇာတ်ကားတွေ ထုတ်လုပ်ရိုက်ကူးသွားဖို့ အစီအစဉ် ရှိတယ်။ ရုပ်ရှင်ကားကြီးကို ဒီနှစ်ထဲမှာပဲ ရိုက်ကူးဖို့ရှိတယ်။ သရုပ်ဆောင်တွေရော၊ ဇာတ် ရောရှိပြီ။ ညှိနေကြတာ။ ထုတ်လုပ်ရေးကနေ တိုက်ပိုင် မင်းသားအနေနဲ့လုပ်မှာမဟုတ်ဘူး။အားလုံးပူးပေါင်းပြီး အကောင်းဆုံးဖြစ်အောင် ဖန်တီးမှာပါ။ ဒီထုတ်လုပ်ရေးက ထွက်တဲ့ကားတွေကို ပရိသတ်တွေလည်း ကြိုက်ရမယ်။ကိုကြံ့တို့အနုပညာသမားတွေကလည်း စိတ်ကြိုက် ဖန်တီးပြခွင့်ရတဲ့ ဇာတ်ကား မျိုးဖြစ်လိမ့်မယ်”လို့ ပြောပြ ပါတယ်။
ကျော်ကျော်ဗိုက သရုပ်ဆောင်ဘက်မှာရော၊ သဘင်ဘက်မှာပါ ပရိသတ်အားပေးမှုကို ရရှိထားပြီး ဂီတဘက်ကိုလည်း စတင်ခြေလှမ်းလာခဲ့ပါတယ်။ “မှ”သီချင်းခွေထဲမှာ ကျော်ကျော်ဗိုက ပါဝင်သီဆိုထားတာကြောင့် သီချင်းသီဆို ဖြစ်ပုံကိုမေးကြည့်တော့…” ဘဘဦးညွန့်ဝင်းသားအကြီးဆုံး ကိုဘမော်မဆုံးခင်က လုပ်ခဲ့တဲ့အခွေလေးပါ။ တော်တော်တော့ကြာနေပါပြီ။ သီချင်းတစ်ပုဒ်ဆိုပေး ပါဆိုတာနဲ့ ဆိုဖြစ်ခဲ့တာ။ အနုပညာသမား ဖြစ်ချင်တာလေ။ ဇာတ်စင်ပေါ်တက် လည်း ဖျော်ဖြေချင်တာပဲ။ မိုက်ရှေ့ ရောက်လည်း သီချင်းဆိုချင်တယ်။ ကင်မရာ ရှေ့ရောက်လည်း သရုပ်ဆောင်ချင်တာပဲ။
အနုပညာနဲ့ပတ်သက်တဲ့ အရိပ်အငွေ့တွေ၊ ပတ်ဝန်းကျင်မှာ ကျင်လည်နေရတာကို ကိုကြံ့ တအားကျေနပ်တယ်။ အနုပညာနဲ့ပတ်သက်တဲ့ ပတ်ဝန်းကျင်မှာပဲ ရှိတာပါ။ သီချင်းခွေက ထွက်တာ မကြာသေး တော့ ပရိသတ်အသံတော့ မကြားရသေးပါဘူး”လို့ ပြောပြခဲ့ပါတယ်။
မေမွန်မောင်
Post a Comment