သင်္ကေတ ဗီဒီယို ထုတ်လုပ်ရေးက စီစဉ်ပြီး ဒါရိုက်တာ မီးပွား ရိုက်ကူးတဲ့ “ခေါက်ထီးလေး မလုံ့တလုံ” ရုပ်ရှင် ဇာတ်ကားကြီးကို မင်းမော်ကွန်း၊ အေးမြတ်သူ၊ စိုးပြည့်သဇင် တို့နဲ့ ရိုက်ကူးနေပါတယ်။ ဒရာမာ ဇာတ်ကား ကြီးဖြစ်ပြီး အဆောင် မှာနေတဲ့ မိန်းမသားနှစ်ဦး ရဲ့ ဘဝအခြေအနေကို ယှဉ်ပြထားတဲ့ ပညာပေး ဇာတ်လမ်းလေး ပဲဖြစ်ပါတယ်။ ဒီဇာတ်ကား ထဲမှာ ရှေ့နေ ဇာတ်ရုပ် နေရာက သရုပ်ဆောင်နေတဲ့ မင်းမော်ကွန်းက “သူငယ်ချင်း ကောင်မလေး ၂ယောက်မှာ တစ်ယောက်က ရှေ့နေမလေး ဖြစ်ပြီး တစ်ယောက်က မိန်းမပျက်လေး ဖြစ်သွားတယ်။ ကျွန်တော်က ရှေ့နေမလေးကို လက်ထပ်ဖို့ ရည်ရွယ်ထားတယ်။ ဒါပေမဲ့ မိန်းမ ပျက်ကောင်မလေး ကိုကျတော့ သူ့ဘဝကို စာနာပြီး ကာကွယ် ပေးတယ်။ စောင့်ရှောက်ပေးတယ်”လို့ ပြောပါတယ်။ ဒီဇာတ်ကားမှာ ရှေ့နေမလေး အဖြစ် သရုပ်ဆောင်တဲ့ စိုးပြည့်သဇင် ကလည်း “ငယ်ငယ် ကတည်းက ဘဝကို ရိုးရိုးသားသား ဖြတ်သန်းတယ်။ စာကြိုးစားတယ်။ သူငယ်ချင်း ကိုလည်း တအားချစ်တယ်။ သူငယ်ချင်းရဲ့ ဘဝကိုလည်း ကယ်တင်ပေးချင်တယ်။ ကိုယ်က သူ့ကို စေတနာထားတော့ ကရုဏာ ဒေါသတွေလည်း တအားဖြစ်တယ်။ မှန်တယ် ထင်ရင်လည်း လုပ်ရဲတယ်”လို့ ပြောပါတယ်။
ခိုင်ဝေလွင်
Post a Comment