အမုန်းမီးတောက် ဇာတ်ကား ထဲမှာ အမုန်းမီးတွေ တောက်လောင် နေတဲ့သူ တစ်ယောက် အနေနဲ့ သရုပ်ဆောင် ထားတော့ အပြင်မှာ ရော အမုန်းမီးတောက် ခဲ့ရတဲ့သူ ရှိခဲ့လားဆိုတော့ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ့်စိတ်ကို ရုပ်ရှင်ထဲကလို မဟုတ်ဘူး။ ဘဝတစ်လျှောက်လုံး လောဘ၊ ဒေါသ၊ မောဟတွေထား လို့ ဇာတ်လမ်း ဖြစ်လာ တာပေါ့။ မဆင့်က အပြင်မှာတော့ ကိုယ့် စိတ်ကိုယ် ချုပ်တီး ရတာပေါ့။ အမုန်း မီးတွေရှိခဲ့လို့ ကာရိုက်တာက ပို ပီပြင်သွား တယ်လို့ ပြောလို့ရလား ဆိုတော့။ အဲဒီလို တော့လည်း မဟုတ်ပါဘူး။ မဆင့်တို့က ဇာတ် ကောင်အတိုင်း သရုပ်ဆောင်ခဲ့ တာပါ။ ဒါပေမဲ့ ဖီလင် အခံရှိတော့ ပိုပီပြင် သလားလို့တော့ ထင်မိတယ်။ မဆင့်တို့ အခုနောက်ပိုင်း ရိုက်ရတဲ့ ကားတွေက mood မပါတာ ပိုများ တယ်။ မဆင့်တို့က အမုန်းမီး တောက်လို ဒရာမာ ဇာတ်ကား တွေကို အားသန်တယ်။ ပိုလုပ်ချင် တယ်။ ဒီဘက်ပိုင်းမှာက ကိုယ့် အတွက် နေရာသိပ် မရတဲ့ကားတွေ၊ ဟာသ ကားတွေက များတယ်။ မဆင့်က အငယ်ခန်း တွေဆို သိပ် မရိုက် ချင်တော့ဘူး။ သိပ်ငယ်လွန်း ရင်လည်း မဖြစ်သလို အမူအရာ တွေကလည်း မငယ်တော့ ဘူးလေ။ သိပ်ကလေး မဆန် တော့ဘူး။ အဲဒီ တော့ မဆင့်တို့က လူကြီးပိုင်းပဲ အား သန်တယ်။ ဒီဘက်ခေတ်က ကလေး တွေက ပိုတော်ကြတယ်။ ပညာ တတ်အသိုင်း အဝိုင်းများတော့ ထက် မြက်ကြတယ်။ အဓိကက ကိုယ် ရေရှည် ရပ်တည်ဖို့ အတွက် ကြိုးစားဖို့ လိုတယ်။
By 8Days Journal
Post a Comment