Latest Movie :

““လက်ပံ””မှ ဒါရိုက်တာနဲ့ မင်းသမီး အကယ်ဒမီရနိုင်ကြောင်းခန့်မှန်းတဲ့ ပြေတီဦး


ရုံတင်ပြသစဉ်က ပရိသတ်အားပေးမှုရရှိသလို ၂၀၁၂ အကယ်ဒမီကားစာရင်းတွင် ပါဝင်နေသော လက်ပံရုပ်ရှင်မှ ဒါရိုက်တာနှင့် မင်းသမီးတို့ အကယ်ဒမီဆုများရရှိမည်ဟုထင်ကြောင်း ပြေတီဦးက   ခန့်မှန်းပြောကြားသည်။

““လက်ပံမှာ ဒါရိုက်တာနဲ့ မင်းသမီး ရနိုင်တယ်။ တော်တော်များများ ရကြပါစေလို့လည်း ဆုတောင်းပါတယ်””ဟု ၎င်းကဆိုသည်။
ယင်းဇာတ်ကားတွင် ပြေတီဦးအနေဖြင့် ဇာတ်ဆောင်နေရာမှ ပါဝင်သရုပ်ဆောင်ထားကာ ပရိသတ်များကလည်း ၎င်း၏ သရုပ်ဆောင်မှုကို အားပေးခဲ့ကြသည်။
““အကောင်းဆုံးကြိုးစားထားတယ်။ ရတာ၊ မရတာကတော့ ကံတရားပါပဲ။ ရရင်လည်း ပျော်တယ်။ မရရင်လည်း ကျေနပ်ပါတယ်””ဟု ပြေတီဦးက ၎င်း၏ အကယ်ဒမီရင်ခုန်သံကိုပြောပြသည်။ယင်းဇာတ်ကားတွင် ၎င်းအနေဖြင့် ဇာတ်သိမ်းခါနီးတွင် ဖွေးဖွေးက အဖေမှန်းသိသွားကာ သတ်ရန်ကြိုးစားသည့် ဇာတ်ဝင်ခန်းကို အကြိုက်ဆုံးဖြစ်ကြောင်း ပြေတီဦးကပြောသည်။
လက်ပံဇာတ်ကား ရုံတင်ပြသစဉ်ကလည်း ပြေတီဦးက ၎င်းအကယ်ဒမီရရှိခဲ့သော အာဒံရယ်၊ ဧ၀ရယ်၊ ဒသရယ် ဇာတ်ကားပြီးလျှင် ဒုတိယမြောက် စိန်ခေါ်မှု ဇာတ်ကားဖြစ်ကြောင်း ပြောခဲ့သည်။

လက်ပံကို လာမည့် နိုဝင်ဘာလတွင် စင်ကာပူနိုင်ငံ၌ သွားရောက်ပြသမည်ဖြစ်ပြီး စင်ကာပူမှ ပရိသတ်များနှင့် တွေ့ဆုံရန် အစီအစဉ်ရှိကြောင်း ပြေတီဦးက ပြောသည်။


7Day Daily
Share this article :

Post a Comment

 
Support : အညာမြေအောင် | ရုပ်ရှင်နှင့်သတင်း | Ko Aung
Copyright © 2011. အညာမြေအောင် - All Rights Reserved
Published by အညာမြေအောင်
Proudly powered by Blogger