Latest Movie :

အတိတ်ကံနဲ့ ပစ္စုပ္ပန်ကံတို့ကြောင့် အောင်မြင်လာတယ် ထင်ပါတယ်လို့ဆိုတဲ့ စိုးပြည့်သဇင်


အတိတ်ကံနဲ့ ပစ္စုပ္ပန်ကံတို့ကြောင့် အောင်မြင်လာတယ် ထင်ပါတယ်လို့ဆိုတဲ့ စိုးပြည့်သဇင် လူသန်းပေါင်း ခြောက်ဆယ်ထဲမှာ အောင်မြင် ကျော်ကြားတဲ့သူ တစ်ယောက် ဖြစ်ဖို့ဆိုတာက တကယ်ကို မလွယ်လှတဲ့ ကိစ္စရပ်ပါ။အောင်မြင် ကျော်ကြားသူတွေမှာ ဘယ်လို ကိုယ်ရည်ကိုယ်သွေးတွေ ပိုင်ဆိုင်ထားလဲ၊ သူတို့က ဘယ်လို အကြောင်းအရာတွေပေါ်မှာ အသေးစိတ် အာရုံစိုက် ပြင်ဆင်ထားလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

ကိုယ့်ကိုယ်ကိုယ် အောင်မြင်လာတာ ဘာကြောင့်လို့ထင်လဲ။

အတိတ် ကံနဲ့ ပစ္စုပ္ပန် ကံတို့ကြောင့် လို့ထင်ပါတယ်။ အတိတ် ကံက ကိုယ်မမြင်ရဘူး။ ကိုယ်ပြုခဲ့တဲ့ ကံတွေပေါ့။ ပစ္စုပ္ပန်ကံ ဆိုတာ လက်ရှိမှာကြိုးစားတဲ့ ကြိုးစားအားထုတ်မှု၊ ဒီနှစ်ခုပေါင်းစပ်တဲ့ အချိန်မှာ ဖြစ်လာတယ်လို့ ထင်ပါတယ်။

ဘာကြောင့်ရော ပရိသတ်က စိုးပြည့်ကို ကြိုက်တယ်လို့ထင်လဲ။

အခုနကပြောတာတွေနဲ့အကျုံး ဝင်မယ်ထင်ပါတယ်။ ကိုယ်ကြိုးစားတာလေး တွေလည်းပါမှာပါ။ ဘာကြောင့် ပရိသတ်စိုးပြည့်ကို ကြိုက်တာလဲဆိုတာကို စိုးပြည့် မပြောတတ်ဘူး။ ဘာကြောင့် စိုးပြည့်ကို ချစ်တာလဲဆိုတာကို စိုးပြည့် ပရိသတ်ကို မေးချင်ပါတယ်။

ရှူတင်မိတ်ကပ်လိမ်းရတဲ့ အချိန်တွေမှာရော စိုးပြည့်နှစ် သက်ရဲ့လား။

အမှန်တိုင်းပြောရရင် စိုးပြည့် မကြိုက်ဘူး။ စိုးပြည့်မိတ်ကပ်မ ကြိုက်ဘူး။ စိုးပြည့်အမှန်တိုင်း ပြောရရင်မျက်နှာကို သနပ်ခါးလိမ်းရတာ ပဲကြိုက်တယ်။

ခန္ဓာကိုယ်မှာရော လှပတယ်လို့ ကိုယ်တိုင် သတ်မှတ်ထားတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းက ဘာဖြစ်မလဲ။

စိုးပြည့် ခန္ဓာကိုယ်မှာလှပတယ် ဆိုပြီး ခံယူထားတာဘာမှ မရှိပါဘူး။ တစ်ယောက်တည်းရှိရင် အများဆုံးလုပ်တတ်တဲ့ အမူအကျင့်က ရုပ်ရှင်ကြည့်တယ်။ သီချင်းနား ထောင်တယ်။ စာအုပ်ဖတ်တယ်။ တရားထိုင်တယ်။

ဒါရိုက်တာက ဒိုင်ယာလော့ခ်တွေ ချပေးရင်ရော လွယ်လွယ်ကူကူနဲ့ ရတတ်သူလား။

ရတတ်ပါတယ်။ ဒါကလူတိုင်းပါပဲ။ အရေးကြီးတာ အာရုံစူးစိုက်မှုပေါ့။ အာရုံစူးစိုက်မှု မရှိရင်တော့ ဘာပြောပြော မကြားတော့ဘူးပေါ့။ စိတ်ကိုတည်ငြိမ်မှုရှိတယ်ဆိုရင် အာရုံစူးစိုက်မှုအားကောင်းဖို့နဲ့ သရုပ်ဆောင်တစ် ယောက်အတွက် စိတ်အာရုံစူးစိုက်မှု ရှိဖို့ပိုပြီးလိုအပ်ပါတယ်။ အဲဒါကြောင့်လည်း တရားထိုင်တာသရုပ်ဆောင်တွေအ တွက်ပိုပြီးအရေးပါတယ်။ ဘာလို့လဲ ဆိုတော့ စိတ်အာရုံစူးစိုက်မှုအား ကောင်းတယ်။ စိတ်အာရုံစူးစိုက်မှု အားကောင်းရင် သင်ပြတာကို အလွယ်တကူမှတ်နိုင်တယ်။

ကျော်မျိုးနိုင်

By 8 Days
Share this article :

Post a Comment

 
Support : အညာမြေအောင် | ရုပ်ရှင်နှင့်သတင်း | Ko Aung
Copyright © 2011. အညာမြေအောင် - All Rights Reserved
Published by အညာမြေအောင်
Proudly powered by Blogger