Latest Movie :

ဘဝရှင်သန်မှုနဲ့ ဂီတအကြောင်း ထက်ထက် (Bobby Soxer) သုံး သ ပ် ချ က်


ဟစ်ဟော့ပ်ဂီတလောကမှာ ပရိ သတ် တွေရဲ့အားပေးမှုကို ရရှိထားသူ ဟစ်ဟော့ပ် အဆိုရှင်ကတော့ ထက်ထက် (Bobby Soxer) ပဲဖြစ်ပါတယ်။ ဘယ်ဂီတ မဆို သူ့ လွတ်လပ်မှုနဲ့သူ ရှိပါတယ်လို့ ပြောလာတဲ့ ထက်ထက် Bobby Soxer ကို ဟစ်ဟော့ပ်ဂီတတွင်ကျယ်လာမှုနဲ့ ပတ်သက် ပြီး ဘယ်လို သုံးသပ်လဲလို့ မေးကြည့်တော့ “ဟစ်ဟော့ပ် ဂီတဆိုတာများ လာတဲ့အပေါ် ပြောရင် ထက်ထက်တို့ Underground မှာ သီချင်းစဆို ကတည်းက ဟစ်ဟော့ပ်ကဆိုရတာ လွယ်တယ်ပေါ့နော်။

လွယ်တယ်ဆိုတာ ထက်ထက် အထင် ဟစ်ဟော့ပ်ဂီတက ဆော့ဝဲလ်နဲ့ သီချင်းကို ဖန်တီးရတာပေါ့နော်။ အဲလိုကျတော့ သီချင်းဖန်တီး သူတွေဘက်က သူတို့အတွက် တီးလုံးတစ်ခုကို လွယ်လွယ်ကူကူနဲ့ ရှာနိုင်တယ်။ အဲဒီလိုရွေးရဆိုရ ခပ်လွယ်လွယ်နဲ့ လုပ်လို့ရတာ ပေါ့။ အဲဒါမျိုးလေးတွေကြောင့် အလွယ်တကူနဲ့ ကိုယ်ဝါသနာပါ တဲ့ မြူးဇစ်ကို လက်ဆင့်ကမ်းလို့ရတဲ့ အနေအထားပေါ့။ လွယ်ကူတယ်လို့တော့ အားလုံး ပြောမရဘူး။ band တစ်ခုနဲ့ သီချင်းတစ်ပုဒ်လုံးလုပ်ရတာ ထက်စာရင်ဆော့ ဝဲလ်ပိုင်းဖြစ်တဲ့ အတွက်ပါ။

ရော့ခ်သီချင်းဆိုရင် ဒီသီချင်းတစ်ပုဒ်လုံးကို အကြမ်းနားထောင် ကြည့်မယ် ဆိုရင် ဒီသီချင်းထဲမှာ ပါတဲ့အစိတ်အပိုင်းတွေက အများကြီးပဲ။ ဟစ်ဟော့ပ်ကျတော့ အဓိကမြူးပြီး၊ စာသားပဲ။ ဆော့ဝဲလ်နဲ့ လုပ်တဲ့အတွက် သီချင်းအကြမ်းတစ်ခုဖြစ်ဖို့ လွယ်တယ်။ ဒါကြောင့်ဆိုတဲ့ လူတွေ ပိုများ လာတယ်” လို့ ပြောပြခဲ့ပါတယ်။

လူတစ်ယောက် အသက်ရှင်နေ ထိုင်မှုပေါ်မှာ ဂီတပုံစံတစ်ခုက ဘယ် လောက် ထိ သက်ရောက်မှုရှိလဲလို့ မေး ကြည့်တော့ “ဂီတပုံစံတစ်ခုနဲ့ လူတစ် ယောက်ရဲ့ ရှင်သန်ေ နထိုင်မှုရဲ့ ပတ်သက်ချက်ကတော့ အကြီးကြီးတော့ ဆက်စပ်မနေပါဘူးလို့ ထင်ပါတယ်။ ဘဝရှင်သန်မှုနဲ့ ဂီတဟာ တိုက်ရိုက်တော့ ဆက်စပ်မယ်မထင်ပါဘူး။ ထက်ထက် နားလည်သလောက် ပြောရင်တော့ လူတွေရဲ့ စားဝတ်နေရေး နဲ့ပတ်သက်လို့ရုန်းကန်လှုပ်ရှားရင်း မောပန်းနေရင် တော့ ဆေးလေးတစ်ခုလို့ပဲမြင်တယ်” လို့ ပြောပြ ခဲ့ပါတယ်။

ဟစ်ဟော့ပ်ဂီတစာသားတချို့က လူငယ် လူထုပရိ သတ်တွေကြား မှာ ခေတ်စား ပြောဆိုသုံးနှုန်း ကြတယ်။ ဒါကြောင့် ဂီတဖန်တီးမှုတစ်ခုမှာ သံစဉ်နဲ့စာသားအရေးပါပုံ၊ ကွာခြားမှုကို ထက်ထက်ဘယ် လိုနားလည်ပါသလဲလို့ မေး ကြည့်တော့..

“သီချင်းတစ်ပုဒ် ပရိသတ်ကြားမှာ အောင်မြင်ဖို့ ပါးစပ်စွဲဖို့ ဘာတွေလိုအပ်လဲဆိုရင် အဓိကကတော့ သီချင်းတစ်ပုဒ်ဆိုမယ်ဆိုရင် စဉ်းစားရတယ်။ ပရိသတ်ကြား မှာ ပေါက်အောင် ဆိုရင်ဘယ်လိုအသုံး အနှုန်းတွေသုံးမလဲ။ ဘယ် လို အကြောင်းအရာကို သုံးမလဲ။ ဘယ်လို ပါးစပ်စွဲလွယ်တာတွေ သုံးမလဲ ဒါ အမြူးမှာ အကြမ်းဖျဉ်ြးေ ပာပြတာပါ။ အချစ်သီချင်း ဆိုရင်လည်း များသောအားဖြင့် လူတွေနဲ့ တိုက်ဆိုင်တဲ့အချစ်ပုံစံမျိုး ပိုစဉ်းစားဖြစ် တယ်။ ကျန်တဲ့ စာသား၊တီးလုံးအရေး ကြီးတယ်။ လိုအပ် တယ်။ စာသားနဲ့ သံ စဉ်နှစ်ခုလုံး အာပေါက်နေတဲ့ သီချင်း တစ်ပုဒ်ထွက်မှာ အရေးကြီးပြီး လိုအပ် တာမဟုတ်ပါဘူး။ သီချင်း တစ်ပုဒ်လုပ် ပြီဆိုရင် သံစဉ်ရော၊ စာသားရော အရေးကြီးတယ်။ သူ့ဟာနဲ့ သူရှိ တယ်။ သံစဉ်မကောင်းဘဲနဲ့ စာသားဘယ် လောက်ကောင်းကောင်းလူတွေ နှုတ်ဖျားမှာစွဲမှာမဟုတ်ဘူး။ သံစဉ် လှလှလေးတစ်ခုနဲ့ အဓိ ပ္ပာယ် မရှိတဲ့ ပေါပေါပဲပဲ စာသားသုံး မယ် ဆိုရင်လည်းလူတွေ လက်ခံမှာ မဟုတ် ဘူး။နှစ်ခုလုံး ညီမျှအောင် သုံးရင်ပရိသတ် တွေပိုပြီး လက် ခံမှာပါ” လို့ ပြော ပြခဲ့ပါတယ်။

ထူးထူး

Popular Journal
Share this article :

Post a Comment

 
Support : အညာမြေအောင် | ရုပ်ရှင်နှင့်သတင်း | Ko Aung
Copyright © 2011. အညာမြေအောင် - All Rights Reserved
Published by အညာမြေအောင်
Proudly powered by Blogger