စပီးဘာ့ဂ် နှင့် လေဒီဂါဂါထက် ၀င်ငွေကောင်းသူ မက်ဒေါနား
အသက် ၅၅ နှစ်အရွယ် ပေါ့ပ်ဘုရင်မ မက်ဒေါနား သည် ကမ္ဘာ့ ဝင်ငွေ အကောင်းဆုံး အနုပညာရှင် ဖြစ်ကြောင်း သြဂုတ် ၂၆ ရက်က ထုတ်ပြန်သည့် ဖော့ဘ် မဂ္ဂဇင်း၏ စာရင်းများ အရ သိရသည်။ မက်ဒေါ နားသည် ပြီးခဲ့သည့်နှစ် အတွင်း အမေရိကန် ဒေါ်လာ ၁၂၅ သန်း ရရှိခဲ့ပြီး MDNA ကမ္ဘာလှည့် ဖျော်ဖြေပွဲမှ အဓိက ဝင်ငွေ ရရှိ ခဲ့ကြောင်းနှင့် အဝတ် အထည်၊ ရေမွှေးနှင့် ရင်းနှီးမြှုပ်နှံမှု အမြောက် အမြားမှ ဝင်ငွေ ရရှိခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် နှစ်က ‘Lincoln’ ရုပ်ရှင်ဖြင့် အောင်မြင်ခဲ့သူ ဒါရိုက်တာ စတီဗင်စပီးဘာ့ဂ် သည် ၂ဝ၁၃ ခုနှစ် ဇွန်လ အဆုံး၌ ဝင်ငွေ အမေရိကန် ဒေါ်လာ သန်းတစ်ရာဖြင့် ဒုတိယ ဝင်ငွေ အကောင်းဆုံးဖြစ်သည်။
အသက် အရွယ် ရလာသော်လည်း ဂီတလောက၌ အောင်မြင်မှု အရှိန်အဟုန် ကြီးမားဆဲ ဖြစ်ကြောင်းနှင့် ၄င်း၏ ဆယ်စုနှစ် လေးစုကြာ ဂီတ သက်တမ်းကို လေဒီဂါဂါ တု၍ မရသေးကြောင်း ဖော့ဘ်မဂ္ဂဇင်း သတင်းထောက် တစ်ဦးက ပြောသည်။
လေဒီဂါဂါသည် ဝင်ငွေဒေါ်လာ သန်း ၈ဝ ဖြင့် ဒသမ ဝင်ငွေ အများဆုံးသူ ဖြစ်သည်။
ဝင်ငွေ အမေရိကန်ဒေါ်လာ ၉၅ သန်းဖြင့် တတိယဝင်ငွေ အကောင်းဆုံးမှာ ပူးတွဲ သုံးဦးဖြစ်သည်။ ’50 Shades of Grey’ စာရေး ဆရာ အီးအယ်လ်ဂျိမ်းစ်၊ ရုပ်သံ ပရိုဂျူဆာ ဆိုင်မွန်ကိုဝယ်နှင့် ရေဒီယို အစီအစဉ် တင်ဆက်သူ ဟော့ဝပ်စတန် ဖြစ်သည်။
ဖော့ဘ်မဂ္ဂဇင်းသည် အနုပညာရှင်များ၏ တစ်နှစ်တာ ဝင်ငွေ စာရင်းကိုပြုစုရန် အေးဂျင့်၊ မန်နေဂျာများ၊ ပရိုဂျူဆာ များထံမှ မေးမြန်း စုံစမ်း၍ အနုပညာ အလုပ်နှင့် ဆက်စပ်သည့် ငွေကြေး များကို ကောက်ခံ ထားခြင်းဖြစ်သည်။ အဆိုပါ စာရင်း၌ အခွန်ငွေ၊ အေးဂျင့်ကြေးနှင့် ၄င်းတို့၏ အသုံးစရိတ် များကို ဖော်ပြထားခြင်း မရှိပေ။
သိင်္ဂီဝင်း
Ref: Reuters
Popular Myanmar News Journal
Labels:
သတင်း

Rangoon

Post a Comment