Latest Movie :

အနုပညာမှတ်တိုင် စိုက်ထူခဲ့သူ မို့မို့မြင့်အောင်ရဲ့ အောင်မြင်မှု စကား

အောင်မြင်ထင်ရှားတဲ့ အနုပညာရှင်များစွာထဲကမှ တစ်ခေတ်တစ်ခါက အောင်မြင်မှုတွေရရှိခဲ့လို့ ဇာတ်ကားတွေ ဆက်တိုက်ရိုက်၊ အခု အချိန်ထိ ပရိသတ်အားပေးမှုရ ရှိနေတဲ့ မို့မို့မြင့်အောင်ရဲ့ အနုပညာကြိုး စားအားထုတ်မှုတွေကို မေးမြန်း ဖြစ်ခဲ့ရာ” တကယ်တမ်း အနုပညာကို အာရုံကိုစူးစိုက်ပြီး ဇာတ် ကောင် တစ်ခုဖြစ်နေပြီဆို ကိုယ့် ကိုယ်ကိုယ် ယောက်ျားလည်း မဟုတ်တော့ဘူး၊ မိန်းမလည်း မဟုတ်တော့ဘူး။

အရင်က ” စနေမ” လိုကားမျိုးဆိုလူကြမ်းတွေကြား ထဲ မှာကြမ်းကြမ်းတမ်းတမ်းလုပ် ရတာ။ ဇာတ်ကောင် စရိုက်က ဝင်နေတယ်။ကိုယ့်ဝိညာဉ်မကပ် ဘူး။ တစ်ခါတလေ ကိုယ့်ကိုယ် ကိုယ် ပင်ပန်းပေမယ့် သေချာ မသိလိုက်ဘူး။ ယောက်ျားတွေနဲ့ ရင်ပေါင်တန်းပြီး လုပ်ရတာ။ ဒီလိုဆိုပေမယ့်လည်း သူတို့ရဲ့ စိတ်ထဲမှာ ပြစ်မှားဖို့လည်း မရှိ ဘူး။ သူတို့ကလည်း အနုပညာ ဇွဲထက်သန် တယ်။ ဒီဇာတ် ကောင်စရိုက် ကို ဖြစ်စေချင်တဲ့ စေတနာနဲ့စက်အဖွဲ့ကပဲ ဖြစ် ဖြစ်၊
လူကြမ်းတွေကပဲဖြစ်ဖြစ် စီစဉ်ပေးတဲ့ ဒါရိုက်တာ ကိုယ် တိုင်ကပါ အားစိုက်ပြီး လုပ်ပေး ကြတာ။

ဟိုးအရင်တုန်းက ” ကျားခင်စိန်” ဇာတ်ကားဆို မနက် ၁ဝ နာရီကနေ ရှုတင်စပြီး လူ ကြမ်း၂၂ ယောက်နဲ့ ၃ ယောက် စီခွဲပြီးဖိုက်တင်ချလိုက်၊၄ ကျော့ပြန်ပြီး နောက်နေ့ မနက် ၄ နာရီအထိရိုက်တာ။ ဒါမျိုးကျတော့ ရိုက်ပြီးတော့မှ ပင်ပန်း တာသိတာ။ ဖိုက်တင် ကလည်း အကွက် တွေနဲ့ ချရတာလေ။အနုပညာချစ်တဲ့ စိတ်တစ် ခုနဲ့ အာရုံစူးစိုက်ရတော့ ရလဒ်က ဒီတစ်ဖွဲ့လုံးက ကြိုး စားပြီးလုပ်ကြ တဲ့ အောင်မြင်မှုပဲ။ သူတို့က လည်းမမို့အတွက် စေ တနာများစွာနဲ့ အပင်ပန်း ခံ လုပ်ပေးကြတာ။ သူတို့ရဲ့ပံ့ပိုး ပေးမှုကြောင့်နဲ့ မို့မို့မြင့်အောင် ဈေးကွက်ဆိုပြီး ထိုးဖောက် နိုင်ခဲ့တာ” လို့ ပြောပြပါတယ်။ ဒီလိုဈေးကွက်တစ်ခုထိုးဖောက်ခဲ့ပြီး နောင်မျိုးဆက်သစ် တွေ ကို စကားလက်ဆောင်ပြောပေးတဲ့ မို့မို့မြင့်အောင်က..

” ဒီလိုကြိုးစားခဲ့ရတဲ့အချိန် မှာ အဓိကက ပညာတော်နေဖို့လိုတယ်။ နောက်ဇာတ်ရွေးတတ်ဖို့ အရေးကြီးတယ်။ မင်းသားနဲ့တွဲရုံလောက်ဆို မငှားနဲ့တော့။ အဲဒီခေတ်တုန်းက
ကားလည်းရှားတယ်။ တအားလောဘ ကြီးပြီးပိုက်ဆံမလိုချင်ဘူး။ အနုပညာကပေးတဲ့အမွေကို ပဲလိုချင်တယ်။ဒီဟာကို မြိန်ရေရှက်ရေလုပ်မယ်ဆိုတဲ့ ကား မျိုးကိုရိုက်ချင်တယ်။

အဲဒီခေတ် ကဆိုကျော်သူဈေး ကွက်၊ စိုးသူ ဈေးကွက်ဆိုတာရှိတယ်။ ကျော် သူနဲ့မို့မို့မြင့်အောင်ဆို တစ်ဈေး၊ စိုးသူနဲ့မို့မို့မြင့်အောင်ဆို တစ်ဈေး၊ ဗီဒီယိုခေတ်ကျတော့မို့မို့မြင့်အောင် ဆိုပြီးတစ်ဈေးရှိတယ်။ အဲဒီတုန်း က ဒီစူပါမင်းသားတွေနဲ့ အတူ ပေါ့။ ဘယ်အရာပဲဖြစ်ဖြစ်ရတဲ့ အခွင့်အရေး လက်ဆုပ်လက် ကိုင်ရအောင် ယူရမယ်။မမို့ တို့မှာ ပျော့ညံ့တဲ့ စိတ်မရှိဘူး။အားငယ်ပြီး မျက်ရည်ကျတာ မရှိဘူး။ လုပ်ပြမယ်ဆို တာပဲရှိခဲ့ တယ်။အနုပညာနဲ့ ပတ်သက်ပြီး ပရိ သတ်က ပေးတဲ့ ပီတိ ကိုပဲစား ချင်ပါတယ်” လို့ ပြောပြခဲ့ပါ တယ်။

မေမွန်မောင်

Popular Journal
Share this article :

Post a Comment

 
Support : အညာမြေအောင် | ရုပ်ရှင်နှင့်သတင်း | Ko Aung
Copyright © 2011. အညာမြေအောင် - All Rights Reserved
Published by အညာမြေအောင်
Proudly powered by Blogger