Latest Movie :

ဆယ်ကျော်သက်များ ကြက်သားစားပေးပါ

ကြက်သားကို စားသုံးမှုများတဲ့ ဆယ်ကျော်သက်တွေဟာ အူမကြီးကင်ဆာဖြစ်ပွားမှုနှုန်းလျော့ကျတယ်လို့ သုတေသနတစ်ရပ်မှာ ဖော်ပြ ထားပါတယ်။

ဒီလေ့လာမှုဟာ ဆယ် ကျော်သက်ဘဝမှာ ကြက်သားစားခဲ့ ကြတဲ့ အမျိုးသမီး ၂၀ဝ၀ဝကျော်ကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

သုတေသနပညာရှင်များက အနီရောင်စားသုံးမှုနဲ့ အူမကြီးကင် ဆာဖြစ်ပွားမှု တိုက်ရိုက်ဆက်စပ်နေ တယ်ဆိုတာကို အရင်ကဖော်ထုတ် ခဲ့ပြီးဖြစ်ကြောင်း အခုတွေ့ရှိချက်အရ အဖြူရောင်အသားထဲမှာ ပါဝင်တဲ့ ကြက်သားကို စားသုံးပေးခဲ့သူများ ဟာ အသက်အရွယ်ရလာရင် အူမ ကြီးကင်
ဆာအဖြစ်ကို ပြောင်းလဲသွား နိုင်တဲ့ အကျိတ်တွေ ဖြစ်ပွားမှုနှုန်း လျော့
နည်းနေကြောင်း ပြောကြားခဲ့ပါ တယ်။

သုတေသီ Dr Katharina Nimptsch က 'ကင်ဆာအမျိုးမျိုးရှိ တဲ့အနက် အူမကြီးကင်ဆာဟာ နေ့စဉ် စားသုံးတဲ့ အစားအစာတွေနဲ့ သက် ရောက်
မှုကို အခံရဆုံးကင်ဆာရောဂါ ဖြစ်ပါတယ်။ အရင်လေ့လာမှု တွေ ဟာ လူကြီးဘဝမှာ စားသုံးတဲ့ အစား အစာတွေက ရောဂါဖြစ်နိုင် ချေကို
ပဲ လေ့လာနိုင်ခဲ့ပြီး အခုတော့ ဆယ် ကျော်သက်ဘဝမှာ ကြက်သားစား
ခဲ့ ရင် အူမကြီးကင်ဆာဖြစ်ပွားမှု လျော့ နည်းနိုင်ကြောင်း
ကို တွေ့ရှိခဲ့ပါတယ်''လို့ ပြောကြားထားပါတယ်။

လေ့လာမှုမှာအသက်၃၄နှစ်မှ ၅၁နှစ်အတွင်း အမျိုးသမီးများကို အထက်တန်းကျောင်းသူဘဝမှာ အစား အစာဟာ ကျန်းမာရေး
အပေါ် သက် ရောက်မှုရှိတယ်လို့ဆိုတာကို ဖော်ထုတ် နိုင်ခဲ့ပါတယ်။

အနီရောင်အသားကို စားသုံးမှုများသူတွေမှာ အူမကြီး ကင်ဆာဖြစ်ပွားနိုင်ချေနှုန်း မြင့်တက် နေတာကို တွေ့ရှိ
ခဲ့ပြီး ကြက်သား၊ ငါးစတဲ့အဖြူရောင်အသား (white- meat) စားသုံးသူတွေမှာတော့ကင်ဆာကိုဖြစ်ပွားစေနိုင်တဲ့ adenoma အကျိတ် တွေဖြစ်ပွားမှု မရှိတာကို တွေ့ရှိခဲ့ရပါ တယ်။

ဒါပေမယ့် လူကြီးဘဝမှာ ကြက် သားစားသုံးမှုကတော့ ရောဂါအပေါ် ကောင်း
ကျိုးဆိုးကျိုး ပေးမှုမရှိဘူးလို့ လည်း သိရပါတယ်။ အခုလေ့လာမှုကို American Journal of Epidemiology မှာဖော်ပြထားတာဖြစ်ပါတယ်။

သန့်စင်
Ref: PTI
Health Updates Journal
Share this article :

Post a Comment

 
Support : အညာမြေအောင် | ရုပ်ရှင်နှင့်သတင်း | Ko Aung
Copyright © 2011. အညာမြေအောင် - All Rights Reserved
Published by အညာမြေအောင်
Proudly powered by Blogger