Latest Movie :

တိမ်မင်းသမီးရဲ့ဒဏ္ဍာရီရုပ်ရှင်ကားကြီး အထူးပွဲမှာ ငိုခဲ့ရတဲ့ နဝရတ်

“တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ” ရုပ်ရှင် ဇာတ်ကားအထူးပွဲကို ဇူလိုင်လ ၇ ရက်နေ့ က သမ္မတရုပ်ရှင်ရုံမှာ ပြသခဲ့ပါတယ်။ ငွေလမင်းထုတ်လုပ်ရေး ကရိုက်ကူးပြီးဝတ္ထု ရှင်မ၊ ငြိမ်းမင်းရဲ့ ဇာတ်ညွှန်းကို ဒါရိုက်တာ နေပိုင်က ရဲအောင်၊ နေအောင်၊ ထွန်းထွန်း ဝင်း၊ ဟိန်းဝေယံ၊ မေ သဉ္ဇာဦး၊ ခင်မို့မို့အေး၊ ထွန်းအိန္ဒြာဗို၊ နဝရတ်တို့နဲ့ ရိုက်ကူး ထားတာ ဖြစ်ပါတယ်။ ဒရာမာဇာတ်ကားဖြစ်ပြီး ဇာတ်လမ်းကို ရန်ကုန်၊မန္တလေး၊ စစ်ကိုင်းတို့ကရှုခင်းတွေနဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ နှစ်ကိုယ် ခွဲသရုပ် ဆောင်ရသလို စရိုက်နှစ်မျိုးကို ပီပြင်စွာသရုပ် ဆောင်ခဲ့တဲ့ နဝရတ်က..

“တအား လည်းပျော် ပြီးစိတ်လှုပ်ရှားတယ်။ အခုအထူးပွဲ ပြတော့လာကြည့်ကြတဲ့သူ တွေလည်းတအားကြိုက်တယ်ဆိုတော့နဝရတ်ပိုပြီး ခံစားရတယ်။ မျက်ရည် တောင် ကျရတယ်။ဝမ်းသာပီတိ ပေါ့။ ဒီကားကိုခဏ ခဏကြည့်ဖြစ်နေခဲ့တာ။ ဇာတ်ကားရိုက်တော့နောက်ဆုံးမှာ သီလရှင် ဝတ်တာကတကယ်ဝတ် လိုက်ပြီးဇာတ်ကား ပြီးတာနဲ့
လုံးဝအရုပ်ကြိုးပြတ်လိုပဲ နေ မကောင်းဖြစ်သွားတာ။

ဒီကားရိုက်ပြီး ၂ နှစ်လောက် အထိဘာဇာတ်ကားမှ မရိုက် နိုင်တော့ဘူးဖြစ်သွားတာ။ ကောင်းတယ်လို့ချီးကျူးတဲ့ အတွက်ဝမ်းသာတယ်။ ဒရာမာကားကလည်း ရှားလာပြီ ဆိုတော့ပရိသတ်ရင်ထဲ အနက်ရှိုင်းဆုံးကနေ အသိ အမှတ်ပြုရင် ကျေနပ်ပါပြီ။ ပရိသတ်မမြင်ရတာ ကြာပြီ ဖြစ်တဲ့ဒီလိုကားမျိုးကို ရိုက် ရတော့ကျေနပ်မိတယ်။ရိုက် ကူးမှုစရိတ်ကလည်းနှစ်ဆ ကုန်တယ်” လို့ပြောပြပါတယ်။ ဇာတ်ကားရိုက်ကူးစဉ်မှာ လည်း ထူးခြားတဲ့ အဖြစ် အပျက်တွေနဲ့ တွေ့ကြုံခဲ့ရ တယ်လို့ အမှတ်တရပြောပြ တဲ့ နဝရတ်က” ဒီကားကို မိုးတွင်းကြီးရိုက်ရတာဆို တော့ မိုးညို့နေပြီဆို စက်အဖွဲ့တွေက တိမ်မင်းသ မီးရေလို့ အော်လိုက် တာနဲ့ ချက်ချင်း တိမ် တွေကအလိပ်အ လိပ်တွေဖြစ်ပြီး တအားလှသွား တယ်။ဇာတ်ကား နာမည်ကလည်း တအားစီးတယ်လေ။

ရိုက်နေ တုန်း မြေတွေဖြတ်သွားတာ၊ မခိုင်ကြီးရဲ့ခေါင်း အပေါ်မှာမြေတွေတွေ့တာ။ နောက်အိမ်ကို နဂါးပေါက် လေးတွေရောက်လာတယ်။ မြေက မီးခိုးရော င်သေးသေးလေး။ ညကျတော့ အမေက အိပ်မက်မက်တာ မြေမဟုတ် ဘူး။

နဂါးပါ။ နဝရတ်ကို နဂါးလက်စွပ် စွပ်ပေးလိုက်ပါဆိုပြီးမက်တာ။ နောက်အိမ်က Water Cooler ကြီးက ဝုန်းဆိုပေါက်ထွက်ပြီး ရေတွေအကုန်တစ်အိမ်လုံး စိုရွှဲကုန်တာ။ ဒါပေမဲ့ရေပြန် ထည့်တော့ ဘာမှမဖြစ်ဘူး။ အကောင်းကြီးပဲ။ စပြီးကန် တော့ပွဲပေးကတည်းကပေါ့။ ဒီလိုထူးထူးဆန်းဆန်းတွေနဲ့အဲဒီကားထဲမှာပါဝင်တဲ့ သရုပ်ဆောင်တွေ အကုန်လုံးကို အကယ်ဒမီရစေ ချင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင် - Popular Journal
Share this article :

Post a Comment

 
Support : အညာမြေအောင် | ရုပ်ရှင်နှင့်သတင်း | Ko Aung
Copyright © 2011. အညာမြေအောင် - All Rights Reserved
Published by အညာမြေအောင်
Proudly powered by Blogger