Latest Movie :

တစ်ကိုယ်တည်း ဘဝကို ဖြတ်သန်းသူများသည် လက်ထပ်ပြီးသူများ ထက် နှလုံးရောဂါ ပိုမိုဖြစ်ပွား နိုင်ဖွယ်ရှိ

လက်ထပ်ပြီးသူ များသည် တစ်ဦးတည်း နေသော သူများထက် နှလုံးရော ဂါ ဖြစ်ပွား မှု နည်းပါးပြီး ၎င်းတို့သည် နှလုံးရောဂါ ဝေဒနာ ခံစား နေရပါက ပြန် လည် နာလန်ထူရန် အလားအလာ ပိုများကြောင်း ဖင်လန် သုတေသန ပညာရှင်များကထုတ်ဖော် ပြောကြားခဲ့သည်။ သုတေသန ပညာရှင်များက ဖင်လန် နိုင်ငံ တွင် ၁၉၉၃ ခုနှစ် နှင့် ၂ဝဝ၂ ခုနှစ် အကြား နှလုံးရောဂါ ဝေဒနာ ခံစားနေရသော အသက် ၃၅ နှစ်နှင့် ၉၉ နှစ် အကြားရှိ ပြည်သူ ၁၅၃၃ဝ ဦး၏ အချက် အလက် များကို ကောက်ယူခဲ့ခြင်း ဖြစ်သည်။

နှလုံးရောဂါ ခံစားနေရသော အဆိုပါ ပြည်သူများ အနက် ထက်ဝက်ခန့်သည် ၂၈ ရက်အတွင်း နှလုံးရောဂါ ကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။ လက်မ ထပ်ရ သေးသော အမျိုးသား များသည် လက်ထပ်ပြီးသော အမျိုးသား များထက် နှလုံးရောဂါ ဖြစ်ပွားမှု ၅၈ မှ ၆၆ ရာခိုင်နှုန်း ပိုမို ဖြစ်ပွားနိုင်ကြောင်း သုတေ သန ပညာရှင် များ အဖွဲ့က တွေ့ရှိခဲ့သည်။ လက်မထပ်ရ သေးသူ အမျိုးသမီး များသည် လက်ထပ်ပြီးသူ အမျိုးသမီး များထက် နှလုံးရောဂါ ဖြစ် ပွားမှု ၆ဝ မှ ၆၅ ရာခိုင်နှုန်း ဖြစ်ပွားနိုင်ကြောင်း ဥရောပ နှလုံးရောဂါ ကာကွယ် တားဆီးရေး ဂျာနယ်တွင် သုတေသန ပညာရှင်များ အဖွဲ့ က ဖော်ပြထားသည်။

ထို့အပြင် လက်ထပ်ပြီးသူ အမျိုးသားနှင့် အမျိုးသမီးများသည် နှလုံးရောဂါ ဖြစ် ပွားမှုကြောင့် သေဆုံးမှု အန္တရာယ် နည်းပါးေ ကြာင်း လေ့လာ တွေ့ရှိခဲ့ သည်။ လက်မ ထပ်ရ သေးသူ အမျိုးသား ၆ဝ မှ ၁၆၈ ရာခိုင်နှုန်းနှင့် လက်မထပ်ရ သေး သူ အမျိုးသမီး ၇၁ မှ ၁၇၅ ရာခိုင်နှုန်း သည် ၎င်းတို့နှင့် သက်တူရွယ်တူ လက်ထပ်ပြီး သူ များနှင့် နှိုင်းယှဉ်လျှင် ၂၈ ရက်အတွင်း နှလုံးရောဂါ ဖြစ်ပွား မှုကြောင့် သေဆုံးရန် အလားအလာ ပိုများကြောင်း တွေ့ရသည်။ လေ့ လာ တွေ့ရှိချက် အသစ် အရ လက်ထပ်ခြင်းသည် အမျိုးသားများထက် အမျိုးသမီး များကို နှလုံးရောဂါ ဖြစ်ပွားခြင်း အန္တရာယ်မှ ပိုမို ကာ ကွယ်ပေးကြောင်း တွေ့ရှိရပြီး တစ်ကိုယ်တည်း ဘဝကို ဖြတ်သန်းသူ များသည် နှလုံးရောဂါ ဖြစ်ပွားမှု အန္တရာယ်ကို ပိုမို မြင့်တက်ေ စကြောင်း သုတေသန ပညာရှင်များက ပြောကြားထားသည်။

မြ၀တီ
Share this article :

Post a Comment

 
Support : အညာမြေအောင် | ရုပ်ရှင်နှင့်သတင်း | Ko Aung
Copyright © 2011. အညာမြေအောင် - All Rights Reserved
Published by အညာမြေအောင်
Proudly powered by Blogger