Latest Movie :

သွေးတိုးနှုန်းကို ကျဆင်းစေသည့် နွားနို့

ဂျပန် ဆေးပညာရှင် များ၏ ယူဆချက် အရ နွားနို့သည် သွေးတိုးရောဂါ ကို   ကာကွယ် ပေးနိုင်သည့် သတ္တိရှိသည်ဟု ယူဆကြသည်။

အကြောင်းရင်းမှာ နွားနို့တွင် ပါဝင်သော ပရိုတင်း ဓာတ်များသည် သွေးကြောများ၏ ပျော့ပျောင်းမှုကို  ထိန်းသိမ်းပေးပြီး သွေး ကြော မာကျစ်မှု မရှိအောင် တားဆီးပေးခြင်း၊ ဆိုဒီယမ်(ဆားဓာတ်) လွန်ကဲမှုကို ချေဖျက်ပေးသည့် အာနိသင် ရှိကြောင်း သိရသည်။

ဂျပန် ဆေးပညာရှင်များက ကျန်းမာသည့် အရွယ် ရောက်ပြီးသူ ၁၃၁ ဦးကို စမ်းသပ် စောင့်ကြည့် အကဲခတ်ခဲ့ကြပြီး အစမ်းသပ်ခံ ပုဂ္ဂိုလ်များ အားလုံးသည် နေအိမ်၌ပင် နေကြရသည်။ နေ့စဉ် နွားနို့   (သုံးပုလင်း= ၆ဝဝ စီစီ)ကို သောက်ကြရပြီး ၁ဝ လကြာသည့် နောက်တွင် မူလက အပေါ်သွေးတိုးနှုန်း ၁၁ဝ ရှိခဲ့ကြသည့်သူများသည် သွေးတိုးနှုန်း  အနည်းငယ် လျော့ကျ သွားသည်ဟု အဆိုပါ သိပ္ပံ ပညာရှင်များ က ပြောကြားခဲ့သည်။

အဆိုပါ စမ်းသပ် တွေ့ရှိချက်များ အရ နွားနို့သည် သွေးတိုး ရောဂါများကို သွေး တိုးနှုန်း ချပေးနိုင်ပြီး သွေးတိုးနှုန်းသည် အစားအသောက်နှင့်လည်း မလွဲမသွေ ပတ်သက် ဆက်နွှယ်မှု ရှိသည်ဆိုသည့် အချက်ကိုပါ သိရှိနိုင်သည်။

မြ၀တီ
Share this article :

Post a Comment

 
Support : အညာမြေအောင် | ရုပ်ရှင်နှင့်သတင်း | Ko Aung
Copyright © 2011. အညာမြေအောင် - All Rights Reserved
Published by အညာမြေအောင်
Proudly powered by Blogger