Latest Movie :

နဂါးနိုင်ဓားလည်း ဆင်ဆာတော့ အနည်းငယ်ဖြတ် တောက်ခံခဲ့ရ

အွန်လိုင်းဖေ့ဘုတ်စ် စာ မျက်နှာထက်မှာနဂါးနိုင်ဓား ဇာတ်ကားနဲ့ ပတ်သက်ပြီး ပရိသတ်တွေကတရုတ်ဇာတ် ကားကော်ပီ ကူးတယ်ပြောတဲ့အ ပေါ်သရုပ်ဆောင်နေထူးနိုင်က"
တကယ်တမ်းကျတော့နဂါးနိုင်ဓားဇာတ်ကားကိုမကြည့်ဖူးသလိုမသိဘူး။ ဒါပေမဲ့"နဂါး" ဇာတ်ကားကို ရိုက်မယ်ပြောကြ တော့ဘယ်လိုနာ မည်ပေးရမှာ မသိဘူး။ စဉ်းစားရင်းနဲ့ ဒါရိုက်တာပေးတာကတစမျိုး၊ ကျွန်တော်က "နဂါးနိုင်ဓား" ဆိုပြီး ပေးလိုက်တာ။ကျွန်တော်တို့ ဇာတ်ကားရိုက်ပြီးမှအဲဒီကား တရုတ် ကားရှိတယ်ပြောကြတယ်။

တရုတ်ကားနဂါးနိုင်ဓားက နဂါးပါလားမပါလား မသိ ဘူး။
ကျွန်တော့်ကား ကတော့နဂါး အန်နီမေးရှင်းကိုဆက်တာ ၇လ လောက် ကြာတယ်။ ဒီနဂါးနိုင်ဓားဇာတ်ကားကအန်နီမေးရှင်းသုံးတာနဲ့ ပတ်သက်ပြီး ပီပြင်တယ်လို့ ပြောသံကြား တယ်။ ဒီလိုပီပြင်အောင်လည်း အချိန်ပေးခဲ့ရတယ်။အယ်နီမေးရှင်းနဲ့ပတ်သက် ပြီး နိုင်ငံတကာလောက်မလုပ်နိုင်သေးပေမယ့် မြန်မာနိုင်ငံအနေနဲ့တင့်တယ် ပြီးကြည်လို့ရအောင် လုပ်နေပါပြီ။အဲဒီလို ကြိုးစားနေတဲ့ အချိန်မှာပရိုဂျူဆာတွေမှာတော့ စကားတွေများရတယ်။ ဘယ်လိုလဲဆိုတော့အချိန်ကြာရင်သူတို့ရဲ့ဝင်ငွေတက်မှာကို ထိခိုက်တယ်။ အတိုးနဲ့ တွက်ရင်မကိုက်ဘူး။ သူတို့တွေ ဘယ်လိုပဲပြောပြောပရိသတ်အတွက်စေတ နာထားပြီးလုပ်ကြတယ်။

အဓိကကတော့ဒီနဂါးနိုင်ဓား ကိုရိုက်ကူးအချိန်ပေးတဲ့ကြောင်
ကမ္ဘာထုတ်လုပ်ရေးကို ကျေးဇူးတင်တယ်။အချိန်တွေ အများကြီးပေးပြီးကြောင် ကမ္ဘာထုတ်လုပ်ရေးက အဲလိုအန်နီမေးရှင်းဇာတ်ကား ကိုပဲရိုက်တာ ၁ဝကား ကျော်တယ်။

နဂါးနိုင်ဓား ဇာတ်ကားမှာအန်နီမေးရှင်း တွေတော်တော်လေးကို ပီပြင်တယ်" လို့ပြောပါတယ်။ဆင်ဆာခွင့်ပြုချက်ဘက်မှာကောဖြတ်တာမျိုးရှိလားလို့ မေးကြည့်တော့ " အဲဒီ နဂါးနိုင် ဓားဇာတ်ကားမှာ "အခိုင်းအစေ တစ်ယောက်ကသိုင်းပညာသင်ခွင့်မရှိဘူး" အဲဒီစကား ဘာကြောင့်ဖြတ်လဲ ကျွန်တော်လည်းမသိဘူး။ ဒါပေမဲ့သူက အကြံပြုတာကရှေ့ပိုင်းမှာ သိုင်းကျင့်တာအားမာန်မပါဘူး" ပြောပြန်ရော၊အခိုင်းအစေကသိုင်းပညာသင်ခွင့်မရပါဘူးဆိုမှတော့ဘယ်လိုလုပ် အားပါမှာလဲ။

ကျွန်တော်စဉ်း စားမိတယ်။ကျွန်တော်ကားက ဘာမဟုတ်တဲ့ ဒီဟာကိုဘာလို့ ဆင်ဆာဖြတ်လဲစဉ်းစားလို့ကိုမရဘူး။ ယဉ်ကျေးမှုနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ကားတချို့ ကိုတော့ဘာလို့ခွင့်ပြုတာလဲ စဉ်းစားမရဘူး" လို့ပြောတဲ့နေထူးနိုင်က

" ကျွန်တော့်ကားဟာအိမ်တစ်အိမ်တည်းမှာပဲအပြီးရိုက်တဲ့ကားမဟုတ်ဘူး။ တကယ့်နေပူမရှောင်ဘဲ အပင်ပန်းခံရိုက်ထားတဲ့ကားပါ" လို့ပြောပါတယ်။ ရုပ်ရှင်ဗီဒီယို ဈေးကွက်မှာအပေါ်ကား၊အောက်ကားဆိုတဲ့စကားကိုကောဘယ်လိုမြင်လဲလို့မေးကြည့်တော့" ကျွန်တော်သိချင်တာက အပေါ်ကားလို့သတ်မှတ်ထားတဲ့ မင်းသားတွေက လက်သီးမထိုးဘူးလား၊

သေနတ်မပစ်ဘူးလား။ ကျွန်တော်တို့အောက်ကားလို့ သတ်မှတ်ထားတဲ့ မင်းသားတွေကော အချစ်ကား၊ ဒရာမာ၊ဟာသကား မရိုက်ဘူးလား။ဒီဟာကို သတ်မှတ်တဲ့သူကို ကျွန်တော်လည်းမသိဘူး။ ကျွန်တော်မြင်တာက အနုပညာအလုပ်လုပ်တဲ့အခါမှာ အပေါ်ရယ်အောက်ရယ်လို့ မသတ်မှတ်ဘူး။
ကျွန်တော်ကိုယ်တိုင်ကျွန်တော့်ကိုယ်ကျွန်တော်အနုပညာသမားလို့ပဲ သတ်မှတ်တယ်"လို့ သူ့အမြင်ကိုဆိုပါတယ်။

Popular Journal
Share this article :

Post a Comment

 
Support : အညာမြေအောင် | ရုပ်ရှင်နှင့်သတင်း | Ko Aung
Copyright © 2011. အညာမြေအောင် - All Rights Reserved
Published by အညာမြေအောင်
Proudly powered by Blogger